Part (7)

1K 106 2
                                    

(ရိုင်းစိုင်းသည့်စကားလုံးအသုံးနှုန်းများပါဝင်
ကြောင်းအထူးသတိပေးအပ်ပါသည်ရှင်)!

လူ့လောကကိုဖြတ်သန်းလာခဲ့တဲ့အသက်နှစ်ဆယ်အတွင်းမှာပျော်စရာဆိုလို့များများစားစားကြီးမကြုံခဲ့ရပေမယ့်လည်းပျိုမသေချင်သေးပါဘူး။

တစ်ခါတစ်လေစိတ်ညစ်စရာတွေကြုံလာရင်
အမေ့နောက်ပဲလိုက်သွားချင်တယ်လို့တွေးမိသော်လည်းပဲအခုလိုဗြုန်းစားကြီးမြွေပေါက်ခံလိုက်ရဖို့‌အတွက်တော့ပျိုအဆင်သင့်မဖြစ်သေးဘူးအမေ။

အိမ်ကြီးရှင်ကသူမကိုကြည့်တော့သာသံချောင်း
တစ်ချောင်းလို၊ကျောက်ခဲတစ်တုံးလိုထင်ရပေမယ့်မြွေတော့ကြောက်ရှာသား။

ပျို့ကိုဖက်ထားလိုက်တာများ၊တင်းတင်း။

"ပျို .. မျက်လုံးဖွင့်ဦး"

ဪ .. ဟုတ်သား။ပျို့မျက်လုံးတွေမှိတ်ထားတာကြာပြီပဲ။

"မြွေ မြွေ ရှိသေးလားဟင်"

ပျိုအသာလေးပဲမပွင့်တစ်ပွင့်မျက်လုံးတို့ဖြင့်မြွေ
ရှိ‌နေခဲ့သောနေရာကိုလှမ်းကြည့်လိုက်တယ်။

"ဟူး .. တော်ပါသေးရဲ့"

"မရှိတော့ဘူးလား"

"မရှိတော့ဘူး"

"ဟူး .. တော်သေးတာပေါ့"

သက်ပြင်းအခါခါချလို့သူမက,လေကိုရှူထုတ်
လိုက်တယ်။

"ဟုတ်တယ် တော်သေးလို့"

"ဖယ်ဦး .. မင်းတို့ကိုဖိထားတယ်"

သူမကိုငုံ့ကြည့်လိုက်တာနဲ့မျက်စောင်းယဲ့ယဲ့လေးအသာထိုးတော့တာပဲ။

"ဖယ်လို့ပြောနေတယ်လေ"

ကြောက်အားလန့်အားနဲ့ဇွတ်အတင်းဖက်နေတုန်းကတော့သူ,မဟုတ်သလိုပဲ။အလွန်နီးကပ်နေတဲ့အဲ့ဒီပါးမို့လေးကအသင့်၊အသာလေးငုံ့နမ်းလိုက်ရုံပဲ။

ရေချိုးပြီးခါစသူမခန္ဓာကိုယ်ဆီကသုံးနေကျ ဆပ်ပြာနံ့သင်းသင်းကယစ်မူးချင်စရာ။

"အန်တီ မြွေကြောက်တတ်လား"

"တို့လား .. ဟင်း .. ဟင့်အင်း မကြောက်ပါဘူး"

"ဆေးခါး" [ completed ]Where stories live. Discover now