ပျိုတို့အားလုံးရဲ့လုပ်အားလေးနဲ့စုပြီးဝယ်ထားတဲ့
ကားလေးကဒေါ်ကျူးရင့်ခြယ်ရဲ့ခြံအနီးတဝိုက်ကအမှောင်ရိပ်ကွယ်ရာမှာထိုးလိုက်၏။"အိမ်ကြီးကကြောက်စရာကြီး"
ညိုကဗျာရဲ့ခြောက်ခြားသံ။
"အထဲကမိန်းမလောက်တော့ ကြောက်စရာ
မကောင်းလောက်ပါဘူး"ခြံကကျော်ရတာမလွယ်။အုတ်တံတိုင်းကအမြင့်ကြီးဖြစ်တဲ့အပြင်အပေါ်မှာသံဆူးခွေများပါရှိတာနေမို့အထဲကိုရောက်ဖို့မလွယ်လှ။
"ဘယ်လိုလုပ်ကြမလဲ"
တိုးတိုးပြောလာသောအေးမူ။
ပျိုခေါင်းတစ်ချက်ညိမ့်၍အချက်ပြလိုက်ပြီးခြံဝန်း
အနောင်ဘက်သို့ရှေ့ကဦးဆောင်သွားလိုက်၏။
အေးမူနှင့်ပျို့မောင်လေးကပျို့နောက်မှာနေ၏။
ညိုကတော့ကားပေါ်မှာစောင့်သည်။ခြံအနောက်ဘက်ခြမ်းကအုတ်တံတိုင်းမှာအရမ်း
မမြင့်။သို့သော်သံဆူးခွေတွေကိုတော့ပျိုတို့သတိ
ထားပြီးခွကျော်ရလိမ့်မည်။"ဘုတ်!"
အသံကြားတော့လှောင်အိမ်ထဲကခွေးနှစ်ကောင်
ခေါင်းထောင်လာကြလေတယ်။မျက်နှာတွေကို
ပိတ်စအမဲနဲ့အပြည့်အုပ်ထားပြီးမျက်လုံးလေးတွေကိုသာချန်ထား၍အသက်ရှုရတာအနဲငယ်ကျပ်၏။ခွေးလှောင်အိမ်နားကိုပျိုချဉ်းကပ်လိုက်ပြီး-
"အမေလေ .. အမေပါ ငါ့အနံ့ကိုမှတ်မိကြလား"
"ဘာလို့ခွေးနဲ့စကားပြောနေတာလဲ"
"ဟောင်မှာစိုးလို့လေ .. ဟိုဘက်တဲထဲမှာ
ဦးမိုးရှိတယ်လေ"အသံကမကျယ်သော်လည်းမလိုအပ်ပဲစကားတွေ
ပြောနေကြရ၏။"နင်ကဘယ်လိုလုပ်သူ့တို့အမေလဲ"
"သူတို့ကိုငါပဲရေချိုးပေးပြီးအစာကျွေး"
"ဒီအချိန်ကခွေးအမေဖြစ်တာကို
ရှင်းပြမယ့်အချိန်လား"စိတ်မရှည်တော့တဲ့မောင်လေးကသက်ပြင်း
ချကာခေါင်းရမ်း၏။"အထဲကိုဘယ်လိုဝင်မလဲ"
ESTÁ A LER
"ဆေးခါး" [ completed ]
Romanceပျိုဖျော်တိုက်တဲ့ဆေးခါးတစ်ခွက်။ တို့တစ်ကြိုက်ထဲမော့လိုက်တယ်။