Part (11)

1K 117 7
                                    

ငိုယိုတောင်းပန်နေသောဒေါ်ကျူးရင့်ခြယ်ကို
တစ်စက်ကလေးမှပင်အဖတ်လုပ်ဟန်မတူသော
မောင်မောင်။သူ့အနားမှာလည်းစကတ်အတိုလေးဝတ်ထားတဲ့နှုတ်ခမ်းနီမလေးရှိ၏။

အဖော်ခေါ်ခဲ့ခြင်းမရှိဘဲတစ်ယောက်ထဲထွက်လာခဲ့မိတာပျိုမှားတာပဲ။အေးမူတို့သာပါလာရင်လက်တို့ပြီးဒေါ်ကျူးရင့်ခြယ်ရဲ့အဖြစ်ကိုလက်ခုပ်တီးပြီးရယ်နေနိုင်မယ်ထင်တယ်။ဒါ‌ပေမယ့်အခုတော့ ပျိုဟာသူမရဲ့ယခုလိုပုံစံကိုကျေနပ်ပြီးဝမ်းသာအားရဖြစ်နေရမယ့်အစားမျက်ရည်ဝဲနေမိလေရဲ့။

"ဖြန်း!"

သူမပါးပြင်ပေါ်မောင်မောင့်လက်ဝါးကျရောက်သွားချိန်မှာပျိုဆိုင်ထဲကိုအပြေးဝင်သွားလိုက်ချင်မိတာ။

"မမေ့နဲ့ပျို .. အဲ့ဒီမိန်းမနင့်အပေါ်ဘာလုပ်ခဲ့လဲ"

ဆိုတဲ့အချက်ကနာကျည်းမှုအပြည့်နဲ့ရင်ဘတ်ကဒဏ်ရာနှင့်အတူပျို့စိတ်ကိုကောင်းကောင်းကြီးဖမ်းဆွဲထားလေ၏။

ပျိုလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား၏။

ဆိုင်ပြင်သို့ဖရိုဖရဲဖြစ်ကာထွက်လာသောသူမပုံစံ
ကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာပျိုကျေနပ်နေပြီးစိတ်ထဲအေးသွားမယ်ထင်ထားခဲ့တာ။
ဒါပေမယ့် -

ခြုံကွယ်ရာပုန်းနေခဲ့ပြီးသူမရဲ့ကားမောင်းထွက်
သွားသည်အထိပျိုရပ်ကြည့်နေခဲ့ပါတယ်။

ပျိုဟာထိုမိန်းမနဲ့ပတ်သက်ပြီးထင်သလောက်အသည်းမမာခဲ့ဘူးလား။သူမနဲ့ထိပ်တိုင်ရင်ဆိုင်ဖို့
နှစ်နှစ်လောက်ထိပျိုဘယ်လောက်တောင်အား
စိုက်ခဲ့ရသလဲ။အစပဲရှိသေးတဲ့ဒီခရီးမှာသူမရဲ့နွမ်း
နယ်နေတဲ့ပုံစံကိုမြင်လိုက်ရတာနဲ့တင်ပျို့အပေါ်
လုပ်ခဲ့တာတွေကိုမေ့မပစ်သင့်ပါဘူးပျို။

လေမတိုက်ဘဲယိမ်းနေသောမတည်ငြိမ်တဲ့ပျို့စိတ်တွေကြောင့်ကော်ဖီဆိုင်တစ်ခုမှာ‌တွေ‌ဝေစွာထိုင်ရင်းမှောင်သွားတာကိုပင်သတိမထားမိခဲ့။

Mute လုပ်ထားသောဖုန်းကိုအိတ်ကပ်ထဲကထုတ်ကြည့်လိုက်တော့ Screen မျက်နှာပြင်မှာ missedCall နီနီများပေါ်နေ၏။ပြန်ဖို့ရန်အတွက်ထပြင်လိုက်စဉ်မှာပဲ -

"ဆေးခါး" [ completed ]Where stories live. Discover now