(7 years later)
"အား .. ဟာ"
နေ၏အဝါရောင်အလင်းတန်းကကျွန်မမျက်နှာ
ကိုထိုးနေ၍မျက်စိများစူးသွားရ၏။"ရှင်ကျေနပ်ပြီလား .."
"......."
"ကျွန်မဝဋ်ကြွေးကုန်ပြီ ၊ ရှင်ရေးခဲ့တဲ့ဒဏ္ဍာရီ
စာအုပ်ကိုသက်သေအဖြစ်ယူပြီးကျွန်မအပြစ်
တွေအကုန်ဆပ်ခဲ့ပြီနော် .. ဒီလောက်ပဲလို့
ကျွန်မထင်တယ် .. ရှင်လည်းအထိုက်အလျောက်
ကျွန်မအပေါ်ကျူးလွန်ခဲ့တဲ့အပြစ်တွေများတာ
ပဲလေ .. ""ကျွန်မဘဝရဲ့နေ့ရက်တွေကိုကောင်းကောင်း
မွန်မွန်ဖြတ်မသန်းခဲ့ရဘူးဆိုတာကို
ရှင်လည်းသိမှာပါ .. ကျွန်မအိမ်မက်တွေထဲအထိ
ရှင်အမြဲလိုက်ခြောက်လှန့်နေတာပါကိုစိန်ဖေ
တစ်ခုတော့ရှိတာပေါ့ ..ပျိုအနားမှာရှိနေတုန်းပဲကျွန်မရှင့်ဆီကလွတ်မြောက်နိုင်တာ .. "ကိုစိန်ဖေကျွန်မအနားမှာရှိနေမလားကျွန်မမသိ။
ဒါပေမယ့်စောနကအထိကျွန်မအနားမှာရှိကောင်း
ရှိနေနိုင်ပါတယ်။ဒါပေမယ့်အခုကစပြီး -"အခုကစပြီး .. ကျွန်မရှင့်ကိုစကားတွေ
ပြောတော့မှာမဟုတ်သလို .. ကျွန်မစိတ်ထဲ
မှာလည်းရှင်မရှိတော့ဘူး ၊ ပြီးတော့ကျွန်မ
ဆုတောင်းတယ် .. သံသရာမှာကျွန်မတို့
ဘယ်တော့မှထပ်မတွေ့ပါရစေနဲ့လို့ ၊ ကျွန်မ
လွတ်မြောက်ပြီ""တစ်ယောက်ထဲစကားတွေ .. ပြောနေ
တုန်းပဲလား"အသံလာရာသို့မျှော်ကြည့်လိုက်တော့။
မလာပါနဲ့လို့ပြောထားခဲ့တာကို။
"အန်တီ့ဆံပင်တွေတစ်ခေါင်းလုံးနီးပါး
ဖြူနေပြီရော"ကားမီးခွက်တွေကိုမှီထားတဲ့ပျိုခန္ဓာကိုယ်ဟာ
ကျွန်မအနီးသို့တဖြေးဖြေးရွေ့လျားလာနေ၏။"တို့အသက် 54 နှစ်ရှိပြီကလေးမ ၊ မင်းရော
မအိုတော့ဘူးလား"ပျိုကကျွန်မကိုနှစ်သိမ့်စွာဖက်တယ်။သူမ
လက်မောင်းတွေကိုဆန့်တန်းလိုက်ပြီး။"အန်တီဘာလို့ဧည့်တွေ့လက်မခံတာလဲ ၊
ပျိုသိပ်လွမ်းတာပဲ""မင်းမေ့နေတာပဲ .. မင်းနဲ့တို့ကလွန်ခဲ့တဲ့
ခုနှစ်နှစ်ကကွာရှင်းခဲ့တာနော်"
YOU ARE READING
"ဆေးခါး" [ completed ]
Romanceပျိုဖျော်တိုက်တဲ့ဆေးခါးတစ်ခွက်။ တို့တစ်ကြိုက်ထဲမော့လိုက်တယ်။