Part (13)

1.1K 120 5
                                    

"ခင်ဗျား စိတ်မှန်သေးရဲ့လား"

" ...... "

"ဘယ်လောက်ဘဲ ရူးနေတယ်ထားဦး အဲ့လို
ဟာမျိုးကို ဘာလို့လျှော်မှာလဲ"

"တစ်သိန်းဆိုတဲ့ငွေပမာဏက .."

"အော ဟော ဟော"

သနားရမလိုလိုနှင့်သူမအဖြစ်ဟာပျို့ကိုစိတ်တို
စေမိတာပဲ။

"ဘာစားပြီးပြီလဲ"

သူမဟာအကြာကြီးငြိမ်ဝပ်နေပြီး‌နောက်တော့ခေါင်းလေးထောင်လာကာ -

"ဟေ့ ဒီမှာ .. တို့မသိလို့ပြောပါရစေဦး ..
မင်းနဲ့တို့ကဘာလဲ သေချာတာတစ်ခုကတော့
တစ်ယောက်ကိုတစ်ယောက်ထမင်းစားပြီးပြီးလားဆိုပြီးစိတ်ပူနေရမယ့်ဆက်ဆံရေးမျိုးတော့မဟုတ်ဘူးလို့ထင်တာပဲ .. ပြီးတော့ မင်းဘာဖြစ်လို့ဝင်ဝင်ပါနေတာလဲ တို့ဘာသာဘာဖြစ်ဖြစ်ပေါ့"

ငြိမ်နေ‌တုန်းကငြိမ်နေပြီးပြောပြန်တော့လည်း
တရပ်စပ်ပါလား။

"ဪ"

ပျိုသူမကိုကျောပေးလိုက်ကာတိမ်ကင်းစင်၍
ညို့မှိုင်းနေသောကောင်းကင်ကိုခဏငေးကြည့်
နေမိတယ်။ထို့နောက် -

"ခင်ဗျားကို!"

"အာ့!"

"ဘယ်သူမှစော်ကားတာမလိုချင်လို့ဘဲ !
နားလည်လား .. ခင်‌ဗျားလိုစိတ်ပျက်စရာမိန်းမ
မျိုးကို .. ပျိုကိုယ်တိုင်ပဲသေချာလေးဖျက်စီးပစ်
မှာမို့လို့ ! ဒေါ်ကျူးရင့်ခြယ်"

"အာ့ .. အွတ် လွှတ်  စမ်း"

သူမ၏ပိန်‌ညှောင်သည့်လည်တိုင်သည်ပျို့လက်
တစ်ကုပ်ထဲတွင်လည်ပင်းသားလေးများလှုပ်ခတ်၍သူမ၏လည်ချောင်းရိုးများကိုပင်ထိတွေ့ခံစားမိနေရ‌သည်။ရုန်းကန်နေပင်‌မယ့်ဘာမှမထူးသည့်ထို‌လည်ချောင်းရိုးလေးကအသာလေးညှစ်၍ချိုးလိုက်ရုံ။သူမဟာအစ်နေသောလည်ပင်းကြောင့်ပျို့လက်များကိုသူမလက်များဖြင့်ဖယ်ရှားဖို့ကြိုးစားနေ၏။ပျိုလွှတ်ပေးလိုက်၏။

"အားးး .. ဟဲ့ !!"

"အက် .. ဟားဟားဟား"

ပျို့လက်ထဲကဆောင့်၍လွှတ်လိုက်သည်နှင့်သူမဟာလည်ပင်းကိုပွတ်တိုက်နေပြီးမျက်ရည်တို့ရစ်
ဝဲ‌နေရှာ၏။

"ဆေးခါး" [ completed ]Where stories live. Discover now