Part (21)

1.2K 117 5
                                    

နားထဲသို့ဝင်ရောက်လာတဲ့အသံဟာတစ်တီတီနဲ့
အဆက်မပြတ်။ပိတ်ထားတဲ့မျက်လုံးနှစ်ဖက်ကို
ဖြေးဖြေးချင်းဖွင့်လိုက်တဲ့အခါမီးသီးဖြူဖြူတစ်လုံး
နဲ့မျက်နှာကျက်ပေါ်ကလေးထောင့်အကွက်လေး
များတွေ့၏။

"ဟာ ၊ အန်တီကျူးနိုးလာပြီလား"

အေးမူကိုတွေ့ရ၏။ကျွန်မနိုးလာချိန်မှာပထမ
ဦးဆုံးတွေ့ချင်မိတဲ့သူကအနားမှာမရှိခဲ့။

ကျွန်မစကားပြောချင်သော်လည်းအခွင့်မသာ။
မျက်နှာကျက်ကိုသာကြည့်နေမိ၏။

"ခဏနော် .. သမီးဒေါက်တာသွားခေါ်လိုက်မယ်"

ခဏအကြာမှာဒေါက်တာရောက်လာပြီး
ဟိုစမ်းဒီစမ်းနှင့် Oxygen Mask ကိုဖြုတ်ပေး၏။

"စိတ်ချရပါပြီ .."

‌ဒေါက်တာထွက်သွားပြီးတဲ့ထိကျွန်မမျက်လုံး
တွေဟာမျက်နှာကျက်ကတစ်နေရာတည်းကို
ငေးနေဆဲဖြစ်၏။

"ပျို ...."

ကျွန်မလက်ကိုထောင်ပြလိုက်ပြီးအေးမူ
ပြောမယ့်စကားကိုဟန့်တားလိုက်မိတယ်။

"အန်တီ့ဘက်ကကွာရှင်းပေးဖို့အတင်း
မတောင်းဆိုတော့ပါဘူး ၊ ဒါပေမယ့်အန်တီ
သူ့ကိုမပေါင်းနိုင်တာကိုလည်းသူလက်ခံပေး
စေချင်တယ်"

"ဒီအချိန်မှာကျန်းမာရေးကိုပဲဂရုစိုက်ပါ ..
အဲ့ဒါတွေကနောက်မှစီစဥ်တာ‌ပေါ့"

အေးမူမျက်နှာတစ်ချက်အောက်သို့ငုံ့သွား၏။

"ဆေးရုံကဆင်းရင်နေဖို့ .. ပျိုကအိမ်တစ်လုံး
ဝယ်ပေးထားတယ်အန်တီ"

"မလိုပါဘူး ၊ ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါ"

အေးမူမျက်နှာသိသိသာသာတစ်ချက်ပျက်သွား
ခဲ့လေ၏။ကျွန်မဂရုမစိုက်ချင်ပါ။ကျွန်မဟာ
ပျို့အတွက်ကလဲ့စားချေရုံသက်သက်၊ပျို့စိတ်ဖြေ
စရာအိမ်ထောင်ဖက်သက်သက်၊ပျို့လက်ခုပ်ထဲက
ရေသာသာ,သာရှိတဲ့မိန်းမမျိုးပဲ။ဒီလိုမိန်းမမျိုး
အနေနဲ့ဘယ်သူ့ကိုအားနာနေရပါဦးမလဲ၊ဂရုစိုက်
နေရပါဦးမလဲ။

ကျွန်မရဲ့တန်ဖိုးကအချစ်ရဲ့လက်ပါးစေဖြစ်ခဲ့ရပြီး
ကျခဲ့ရရှာပြီ။တစ်လျှောက်လုံးလှည့်စားခံခဲ့ရပြီး
လက်ထပ်ပေါင်းသင်းခဲ့တာကိုပဲသာယာခဲ့မိသေး
တဲ့ငဒူမတစ်ယောက်ဖြစ်ခဲ့ရပြီ။

"ဆေးခါး" [ completed ]Where stories live. Discover now