Part (19) 🔞

2.9K 150 15
                                    


ညစ်ညမ်းသည့်စကားလုံးအရေအတွက်
များစွာပါဝင်ပါသဖြင့်18 နှစ်ပြည့်မှသာဖတ်
စေချင်လိုပါသည်။

_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_

"ရူးချင်ယောင်ဆောင်ပြီးဘေးကင်းအောင်
လုပ်တဲ့နည်းဆိုတာတစ်ကယ်ရှိတယ်ပျို ..
နင့်အန်တီကျူးကတော့အဲ့ဒီနည်းကိုလက်တွေ့
အသုံးချတဲ့နေရာမှာဆရာမကြီးပဲ"

ပျို့လက်ထဲကကော်ဖီခွက်ကိုစားပွဲပေါ်
အသာတင်လိုက်ရင်းကဟက်ဟက်ပက်ပက်
ရယ်လိုက်မိတယ်။

"အန်တီကျူးရဲ့ပုံစံကိုကြည့်စမ်းပါဦး ..
အခုတော့လည်းသာမာန်မြင်နေကျအရပ်ထဲက
အဒေါ်ကြီးတစ်ယောက်လိုပဲ"

စားဖိုဆောင်ထဲ၌အိုးခွက်ပန်းကန်တို့ပတ်လည်
ဝိုင်းထားခြင်းခံနေရတဲ့ပျို့မိန်းမအသွင်ကဆိုင်း
ဝိုင်းထဲရောက်ဆိုင်ဆရာတစ်ဦးလိုမျိုးပါပဲ။

အေးမူပြောတဲ့အရပ်ထဲကအဒေါ်ကြီး
တစ်ယောက်ပေါ့။အင်ဒိုစပန့်ကိုတော့သူမ
အတော်လေးနှစ်သက်ပုံရတယ်။ယခုလည်း
အပြာရင့်ရင့်စပန့်ဂါဝန်ကိုဝတ်ထားဆဲ။

"အရင်ကငါတို့ကြောက်ခဲ့ရတဲ့မူယာမာယာ
များလွန်းတဲ့ဒေါ်ကျူးရင့်ခြယ်မှဟုတ်သေးရဲ့
လားလို့ .. မြင်ရင်းတစ်မျိုးလန့်နေရတယ်"

"ဟဟား ၊ အန်တီကသနားစရာမိန်းမ
တစ်ယောက်ပါအေးမူရယ် .. သူ့ဘဝမှာအချစ်
ဆိုတာကိုခံစားခွင့်မရှိခဲ့ဘူး .. မနှစ်မြို့တဲ့
ယောကျာ်းတစ်ယောက်ဆီမှာခန္ဓာကိုအပ်နှံ
ထားခဲ့ရတဲ့လိင်ကျွန်အမျိုးသမီးတစ်ဦး ..
သူ့ကိုသူ့ရှိစိတ်အတိုင်းလေးသာရှင်သန်ခွင့်
ပေးခဲ့ကြမယ်ဆိုရင် .. အန်တီကသိပ်လှတဲ့
ပန်းလေးတစ်ပွင့်ဖြစ်ခဲ့မှာ"

"မောင်မောင်ဆိုတဲ့လူနဲ့ရော .. သူတို့
ပတ်သက်ခဲ့ကြတဲ့ပုံစံကိုနင့်ထက်အရင်
ငါကသိခဲ့တာပါ .. ပျိုရာ"

"နင့်စကားကဘယ်ဆီကိုအဓိကရည်ညွှန်း
နေရတာလဲအေးမူ"

အေးမူကမျက်ခုံးများကိုအဆုံးထိပင့်လိုက်
ကာပဲပုခုံးတွန့်၏။

"သူတို့‌ဖောင်း‌ဒိုင်းခဲ့ကြတယ်လို့လား"

"ဟ ၊ အသာလုပ်ပါဟယ်"

"ဆေးခါး" [ completed ]Where stories live. Discover now