အင်ထရို

1.5K 116 22
                                    

"ဟိတ်ကောင် မျက်ပြူး 

သူ့အနောက်နားကခေါ်သံစူးစူးကြောင့် သူလှည့်ကြည့်စရာမလိုပဲ သိလိုက်ပါပြီ 

"ဘာလဲ နှုတ်ခမ်းထူ

သူမထီမဲ့မျက်နှာပေးနဲ့မေးလိုက်တော့ ထိုသူ့နှုတ်ခမ်းတွေက ပိုစူထွက်လာသည်။ သူ့အင်္ကျီကော်လံစကိုဆုပ်ကိုင်ပြီး 

"မင်းကို ငါအဲလိုမခေါ်နဲ့လို့ပြောထားတယ်နော်

"မင်းလည်း ငါ့ကိုမျက်ပြူးလို့ခေါ်တာပဲလေ 

"မင်းမျက်လုံးကမပြူးလို့လား ဒီကျောင်းမှာရှိတဲ့သူတွေအကုန်လည်းလိုက်မေးလိုက်ဦး ငါမျက်လုံးပြူးလားကြည့်ပေးကြစမ်းပါလို့ ပြူးလို့ပြူးတယ်ပြောတာ ၊ အဲဒါကြောင့်မျက်ပြူးလို့ခေါ်တာ ဘယ်မှာမှားလို့လဲ

"ဒါဆိုမင်းလည်းလိုက်မေးလေ မင်းနှုတ်ခမ်းထူမတူကို မင်းသိလား ခုဆို မင်းနှုတ်ခမ်းက ခြောက်လက်မလောက်ရှေ့ကိုထွက်လာနေပြီ ကြာရင်ငါ့ကိုလာထိုးမိတော့မယ် လွှတ်တော့ခု ငါ့အင်္ကျီတွေကြေကုန်မယ် ဒိတ်သွားရဦးမှာ 

"မင်း မျက်လုံးပြူးတဲ့အပြင် အကျင့်ကပါမကောင်းဘူး သူများကောင်မလေးကိုဖြတ်ခုတ်လုပ်တဲ့ကောင် 

ဟုတ်ပါသည်၊ သူ ကင်မ်ဆော့ဂျင်နဲ့အီနေတဲ့ကောင်မလေးကို မနေ့ကတစ်ရက်ပဲ လိုက်လိုက်ရပြီး ဒီနေ့သွားဒိတ်တော့မှာ  ဟဟဟ

"ဘယ်မှာဖြတ်ခုတ်လို့လဲကွ သူ့မှာရွေးချယ်ခွင့်ရှိတယ်လေ သူဘာသာသူ ယှဉ်ကြည့်ပြီး ပိုသာတယ်ထင်တဲ့သူကိုရွေးလိုက်တာပဲကို ဘာလဲကောင်လေး အသည်းကွဲနေတာလား ကျွတ်ကျွတ် 

သူ့ရှေ့က မျက်ခွက်ပြောင်ပြနေတဲ့ မျက်ပြူးကောင်ကြောင့် သူတစ်ရက်တစ်ရက်အသက်တိုတယ်၊ ထိုကောင့်မျက်ခွက်ကို စိတ်ရှိလက်ရှိဆွဲထိုးချင်စိတ်တွေခုချိန်မှာတဖွားဖွား ၊ သူနဲ့အီနေတာ တစ်ပတ်လောက်ကြာပြီဖြစ်တဲ့ကောင်မလေးကို သူဒီပိတ်ရက်လောက်ကျရင် ဒိတ်ဖို့ခေါ်တော့မလို့ပဲ ၊ လေပေးတော်တော်လေးဖြောင့်နေပြီဟာကို ဒီမျက်ပြူးက မနေ့ကတစ်ရက်လေး ဇွတ်လိုက်လိုက်တာ ပါသွားတယ်တဲ့လေ ၊ သူဘယ်လောက်သိက္ခာကျလိုက်လဲ ၊ ထိုမိန်းကလေးကိုလည်း သူတကယ်စိတ်တိုတယ် ၊ သူကအေးဆေးပဲလို့တွေးထားမိတာကိုက မှားတာ ၊ ဒီမျက်ပြူး သူ့ကိုခုရက်ပိုင်းမနှောက်ယှက်တော့တာနဲ့တင် ဒီမျက်ပြူးရန်ကိုမေ့ပြီးအေးဆေးလုပ်နေမိတာ ၊ ခုတော့ပါသွားပြီ ပါသွားတာကအကြောင်းမဟုတ်ဘူး ၊ ဒီကင်မ်ဆော့ဂျင်အတွက် မိန်းကလေးရော ယောကျ်ားလေးပါမကြံ ပေါလို့၊ ဒါပေမယ့် ဒီမျက်ပြူးနောက်ပါသွားလို့ကို သူမခံမရက်နိုင်ဖြစ်နေတာ 

တဂျက်ဂျက်Where stories live. Discover now