နိုင်း

442 83 40
                                    

မျက်ပြူးရဲ့ကျောပေါ်ကနေ အိပ်ချင်ယောင်ဆောင်ကာပါလာရင်း ကင်မ်ဆော့ဂျင်တို့ စိတ်လိုလက်ရပြုံးနေမိတော့သည်။ ဒင်းက ဒါမျိုးဆို သိပ်ခိုင်းလို့ကောင်းတာ ၊ ငယ်ငယ်ကတည်းက တည့်သာမတည့်တာ သူ့ရှေ့မှာသူဒုက္ခရောက်နေတာမြင်ရင်တော့ ဘယ်တော့မှကျော်မသွားတတ်၊ ဒါကပဲ သူ့နိုင်ကွက်လိုကိုဖြစ်နေပြီ 
ဒီကောင်ကိုကလည်း အ တာ ၊ သူက ဒီအကွက်ကိုပဲထုတ်သုံးတာနှစ်ပေါင်းဘယ်လောက်ရှိနေပြီလဲ 
သူဘယ်တော့မှ သူ့ထောင်ချောက်ထဲမမိတာမရှိ
အရင်ကဆို အပြေးပြိုင်ကြရင်း မျက်ပြူးကသူ့ကိုကျော်တက်ပြီး ပန်းဝင်တော့မယ်ဆို သူက အသံစူးစူးတစ်ချက်ပေးပြီး ချော်လဲပစ်လိုက်တာ
အဲဒီလိုဆို ထိုကောင်က သူ့ဆီပြန်ရောက်လာရော၊ ပြီးရင်တော့ သူကပန်းအရင်ဝင်ချပစ်လိုက်တာပေါ့...
ကျောင်းတက်နေစဉ်တစ်လျှောက်လည်း ပျင်းရင်ပျင်းသလို သူက ခနတိုင်းချော်လဲပြ ဝင်တိုက်ပြ နေမကောင်းပြနဲ့မို့ ၊ မျက်ပြူးကောင်သူ့ကိုကျောပိုးပြန်ရတဲ့အိမ်ပြန်ရက်တွေဆိုတာ မနည်းမနော..
ဒါလည်းအမှတ်မရှိ ခုထိတုံးဆဲတုံးမြဲ
ကောင်းပါတယ်လေ ဒီကောင်တုံးတော့ သူသက်သာတာပေါ့ အဟက် 
ခုလည်း တနေကုန် ဒင်းသူ့ကိုစိတ်တိုအောင်လုပ်ထားသမျှတွေကို အတိုးရောအရင်းပါပေါင်းပြီး ဒံပေါက်ကျွေးလိုက်တာ မနက် ဒင်းလမ်းလျှောက်နိုင်သေးရင်ကြိုက်သလိုပြောပဲ 
သူတို့ကွန်ဒိုကအထပ်မြင့်ဖြစ်တာကို ခြေလျင်တက်တာအပြင် သူ့ကိုပါကုန်းပိုးထားရသည်မို့ ဒင်းသက်သာမည်မဟုတ်။ မသက်သာလည်းနေပါစေလေ သူကတော့မသနားပေါင် 
အ သူခံ လည်သူစားပဲ 

ခြေလှမ်းမှန်မှန်ဖြင့်အခန်းရောက်ရန်သာဦးတည်နေသောသူကတော့မသိ သူကတော့ အရမ်းအိပ်ချင်နေပြီမို့ လူသားဓာတ်လှေကားပေါ်တွင်သာ မှေးစက်လိုက်ပါလာခဲ့တော့သည်။

သာလိကာနှုတ်ခမ်းထူက လဲကျသည့်ဒဏ်ရာပြင်းသည်ထင် ခါတိုင်းလိုတောင် စကားမပေါနိုင်တော့
ခုနကတည်းက ငိုမဲ့မဲ့ပုံစံနှင့် သူ့ကျောပေါ်ပါလာသည်က ခုပင် သူတို့အခန်းရှေ့ရောက်တော့မည် စကားတခွန်းတလေတောင်မဆိုလာ ၊ ဒီနှုတ်ခမ်းထူက ဘာလို့များ အမြဲတစေ ခလုတ်တိုက်လိုက် ဖြုတ်ကိုက်လိုက်ဖြစ်နေရသည်မသိ၊ ငယ်ငယ်ကတည်းက ခုချိန်ထိ သူကဘာကျေးဇူးတွေရှိနေလို့ ခနတိုင်း သူ့ကျောပေါ်တက်စီးနေလဲဆိုတာ စဉ်းစားလို့မရ။ ဒီကောင်က အားတိုင်းနေမကောင်း ပျင်းတိုင်း ခြေထောက်နာနဲ့မို့ ကြာရင်သူလည်း လူသားစီးတော်ယာဉ်ကြီးဖြစ်တော့မယ်။
သူသာမရှိရင် နှုတ်ခမ်းထူဘဝကမတွေးရဲစရာပဲ ကျွတ် ကျွတ်

တဂျက်ဂျက်Where stories live. Discover now