တွမ်တိဆစ်ခ်စ်

446 82 89
                                    

တပြိုင်တည်းထုတ်လွှင့်နေသည့်သူတို့ရဲ့ဇာတ်လမ်းတွဲက ထက်ဝက်ကျိုးလာခဲ့ပြီမို့ ပရိသတ်တွေကလည်း ပွဲဆူနေကြပြီ..
ထယ်ယောင်းရဲ့ခံစားချက်တွေကိုသိပြီးတဲ့အချိန်ထိ ပြသပြီးပြီမို့ အဖွဲ့တွေကွဲကုန်ကြတာပင်...
ဂျောင်ကုနဲ့ဂျင်မှမညားရင် ဒါရိုက်တာကိုကြက်ဥနဲ့ထုမယ်ဆိုတဲ့အဖွဲ့ရယ်
ထယ်ယောင်းလေးနဲ့ဂျီမင်လေးကိုသနားလို့ ဆိုတဲ့အဖွဲ့ရယ်
ဂျင်နဲ့ထယ်ယောင်းပဲညားစေချင်တော့တယ် ဂျီမင်နဲ့ဂျောင်ကုပဲ အစကအတိုင်းရှိပါစေတော့ ဆိုသူများရယ်..
ပွဲတွေဖြစ်ကုန်သလို ဇာတ်ကားရဲ့စံချိန်ချိုးမှုတွေကလည်း ကမ္ဘာ့နိုင်ငံအသီးသီး၏ထိပ်ဆုံးတွင်..

ရိုက်ကူးရေးကလည်း ပြီးဆုံးခါနီးပြီဖြစ်သည်။ 
ဇာတ်သိမ်းပိုင်းအတွက်ကတော့ ဂျောင်ကုနဲ့ဂျင်နှစ်ယောက်တည်းသာ New Zealandအထိသွားရိုက်ရမှာမို့ ခုက သူတို့လေဆိပ်မှာ...
ဂျီမင်နဲ့စကားပြောနေသူကိုကြည့်ပြီး သူနဲ့ထယ်ယောင်းလည်း ပြောစရာရှိတာပြောနေကြရင်းစောင့်နေလိုက်တယ်...အဲဒီနှစ်ယောက် တွတ်ထိုးလို့ကိုမပြီးနိုင်ဘူး..နေ့တိုင်းတွေ့နေရလည်း သူတို့နှစ်ယောက်မှာ ပြောစရာကုန်တယ်ကိုမရှိတာ...စံပဲ..

"ဂျောင်ကု မင်းနောက်ထပ်ဇာတ်တွေလက်ခံတော့မှာလား

ဒီကားက နောက်ဆုံးကျန်တဲ့အခန်းတွေဖြတ်ပြီးရင်အကုန်ပြီးပြီမို့ နောက်ထပ်ကမ်းလှမ်းမှုတွေကဆက်တိုက်ရလာပြီ။ သူတို့လေးယောက်လုံးကို အားပေးမှုက ကျောက်ခမန်းလိလိမို့ စီနီယာတွေကတောင် သူတို့နှင့်အလုပ်တွဲလုပ်ချင်သည်ဟုပြောကြသည်ထိပင်။ blမဟုတ်ပဲ  normal romance‌ တွေဆိုတာကလည်း တောင်ပုံရာပုံကို ဇာတ်လမ်းအပ်နေကြသည်။ 

"တခုခုတော့လက်ခံဖြစ်မှာပေါ့ ခုထိမတွေးရသေးပေမယ့် မင်းသမီးတွေနဲ့တော့တွဲမရိုက်ချင်ဘူး

ဘာလို့ ဆိုကာ မျက်ခုံးပင့်ပြလာသည့်ထယ်ယောင်းကို မထီမဲ့မြင်ပုံစံဖြင့်သာ.

"မိန်းမတွေကဇာတ်တွေရှုပ်တယ်...ကင်းကင်းရှင်းရှင်းနေတာတောင် လာပွေလီချင်နေကြတာ..
ဇာတ်ကားသာတွဲရိုက်လိုက်လို့ကတော့ ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်တော့မှာ..

တဂျက်ဂျက်Hikayelerin yaşadığı yer. Şimdi keşfedin