တွမ်တိသရီး

414 88 74
                                    

ချစ်ရသူကိုပိုင်ဆိုင်နိုင်ဖို့က တံခါးတစ်ချပ်ပဲခြားတော့တဲ့ခံစားချက်..
ခု လူစီ့ရဲ့ခံစားချက်ပဲ...
ဒီတံခါးရွက်ရဲ့နောက်ကွယ်မှာ လူစီ့ကိုဂျောင်ကုအိုပါးဆီတည့်တည့်ပို့ပေးနိုင်မည့်သူတွေရှိနေတယ်...

လူစီကချစ်တယ် ပိုင်ဆိုင်ချင်တယ် နည်းပရိယာယ်တွေလည်းအမျိုးမျိုးထုတ်သုံးတယ်ဆိုပေမယ့် အိုပါးမုန်းလောက်အောင်ထိတော့ တည့်တိုးကြီးဘယ်လုပ်ပါ့မလဲ...
ခုတံခါးခေါက်သံကြားနေရပြီ..အဟက်

လူစီကိုယ်တိုင်စီစဉ်ထားခဲ့တာပဲ
အပုပ်အပွသတင်းတွေအဖွနိုင်ဆုံးပါဆိုတဲ့ပါပါရာဇီတွေကိုဆက်သွယ်ထားပြီး ဒီပွဲကိုဖိတ်ထားတယ်..
ခုဒီအခန်းရှေ့မှာရောက်နေရောပေါ့..
တံခါးဖွင့်လိုက်တာနဲ့ သူနဲ့အိုပါးနှစ်ယောက်တည်းဒီလိုအပြင်အဆင်မျိုးနဲ့ဒီလိုအိပ်ခန်းမျိုးထဲမှာအတူတူရှိနေကြတာကို ဓာတ်ပုံသက်သေ လူသက်သေ အကုန်ရသွားတာနဲ့ သူတို့သတင်းစာတိုက်တွေကငြိမ်နေမှာမဟုတ်တော့ဘူးလေ... ငြိမ်မနေအောင်လည်း လူစီကိုယ်တိုင်ပြင်ဆင်ထားပြီးသား..
မနက်ဖြန်မနက်ဆို လူစီနဲ့အိုပါးရဲ့ လူမသိသူမသိအောင်ချိန်းတွေ့နေကြပါတယ်ဆိုတဲ့သတင်းတွေက ခေါင်းကြီးပိုင်းမှာပါလာလိမ့်မယ်..
လူစီကိုယ်တိုင်ကလည်းနစ်နာသူအနေနဲ့ပေါ့...အဟက်
အိုပါးအနေနဲ့မဟုတ်တောင် မမကတော့သူတို့နှစ်ယောက်ကိုစီစဉ်ပေးဖို့ကြိုးစားလိမ့်မယ်..ပြီးတော့ ဆော့ဂျင်အိုပါး...အဟင်း ... သူသေချာပေါက် ဂျောင်ကုအိုပါးကိုလိုက်ပြိုင်ပြီး တခြားတစ်ယောက်နဲ့တွဲလိမ့်မယ်..
အဲဒီအချိန်ကျရင်လည်း လူစီကရအောင်ဖော်ကောင်လုပ်ဦးမှာပဲ...
win win သီအိုရီမဟုတ်လား...
သူတို့နှစ်ယောက်လည်းအဆင်ပြေ ဆော့ဂျင်အိုပါးနဲ့လည်းတခါတည်းခွဲပြီးသားဖြစ်...

ကိုယ့်အတွေးနဲ့ကိုယ် လူစီကြိတ်ပြုံးနေမိသည်။ ဂျောင်ကုအိုပါးကတော့ တံခါးခေါက်သံကြောင့် ဘယ်သူလဲဆိုသည့်ပုံစံဖြင့်...
လူစီတို့ရဲ့မြားနတ်မောင်တွေပေါ့ကိုကိုရဲ့လို့သာအော်ပြောလိုက်ချင်သည်။ လက်ထက်ပြီးရင်ကိုကိုလို့ပဲခေါ်မည်။ ကိုကိုနဲ့တူတဲ့ကလေးလေးတွေမွေးမည်...
ဒါတွေဟာစိတ်ကူးချည်းသပ်သပ်မဟုတ် တံခါးတစ်ချပ်သာခြားတော့သည့်ကိုယ်တိုင်ဖန်တီးထားသည့်ကံကြမ္မာပင်...

တဂျက်ဂျက်Where stories live. Discover now