ဆစ်ခ်စ်

465 84 45
                                    

သူတို့နှစ်ယောက်ရဲ့ မပြီးဆုံးနိုင်သည့်ပြိုင်ပွဲတွေ လုပ်ကြံမှုတွေဟာ တက္ကသလိုလ်တက်နေစဉ်တစ်လျှောက်လုံး မရိုးနိုင်ခဲ့။ကျောင်းမှာ သူတို့နှစ်ယောက်ဆိုလျှင်မသိသူမရှိ ၊ သူတို့ပြသနာမတက်ဖူးသည့်နေရာလည်းမရှိ ၊ သူတို့မိသားစုတွေက အရှိန်အဝါကြီးမားကြပြီး နှစ်ယောက်လုံးကလည်း ထိပ်တန်းကျောင်းသားတွေဖြစ်သည့်အတွက် သူတို့ရဲ့မကောင်းကြောင်းကိုပြန်ပြောရဲတဲ့သူတော့မရှိ၊ မကောင်းကြောင်းလို့ပြောရအောင်ကိုသူတို့နှစ်ယောက်မှာက အချင်းချင်းရန်စကြတာကလွဲရင် ဘာအပြစ်အနာအဆာမှမရှိ ၊ ဘယ်လိုပြောရမလဲ ပါဖက်ခ်ထ်ပေါ့....

ကျောင်းပြီးလို့ ဒီအေဂျင်စီကိုဝင်ကြ ခုလို နာမည်ကြီးလာကြသည်ထိလည်း ပြိုင်ပွဲတွေကမပြီးဆုံးနိုင်သေးပဲဖြစ်နေတုန်းပဲ။ သူတို့ကြားမှာ ပြိုင်ဆိုင်တာ ရန်ဖြစ်တာမျိုးက လုံးဝကိုပုံမှန်အနေအထားတစ်ခုပဲ ၊ ပတ်ဝန်းကျင်အသစ်ထဲကိုရောက်လာကြတာမို့ အစပိုင်းတုန်းကတော့ အေဂျင်စီကလူတွေကြားမှာထူးဆန်းနေတာမျိုး ရှယ်ယာရှင်တွေနဲ့ရှင်းရတာမျိုး ၊အမျိုးမျိုးသောအခက်အခဲတွေရှိခဲ့ကြပေမယ့် ခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ သူတို့ကရန်မဖြစ်ကြတော့တာမဟုတ်ပဲ ဖြေရှင်းပေးရတဲ့သူတွေက ရိုးသွားကြတာ......

 ခုလောလောဆယ်ကတော့ သူ့ဘေးကဖြူစင်သူမျက်နှာပေးနှင့်နှုတ်ခမ်းထူရှာထားသည့်ပြသနာကိုဖြေရှင်းရန်အတွက်အေဂျင်စီကိုသွားနေတဲ့လမ်းမှာဖြစ်သည်။ အပေါက်အလမ်းမတည့်လှသည့် စကားနိုင်လုပွဲများအဆုံးမှာတော့ သူတို့နှစ်ယောက်အတူတူ ကားတစ်စီးထဲတွင်စီးနိုင်ခဲ့သည်။ ဒါတောင် ကားမထွက်ခင် သူမောင်းမယ် ငါမောင်းမယ်နှင့်ငြင်းခဲ့ရသေးသည်။ သူတို့က ပုံမှန်ဆိုရင်တော့ ကားမောင်းသူနေရာမှာထိုင်ချင်သူများမဟုတ်ပေမယ့် သူတို့အချင်းချင်းမို့ နေရာလုနေရတာ ၊ သူတို့နှစ်ယောက်တည်းတူတူစီးရမှာမို့ကို ရေးကြီးခွင်ကျယ်လုပ်နေရတာ၊ မောင်းသူနေရာမှာထိုင်ဖို့အရေး ခေါင်းပန်းပါလှန်ခဲ့ရသေးသည်လေ တော်သေးလို့ သူလောင်းတဲ့ဘက်ကိုကျသွားလို့ မဟုတ်ရင်မလွယ်ဘူး။ ကားမောင်းရတာဘာကောင်းလို့လဲတော့မမေးနဲ့ ဘာမှမကောင်းတာသိတယ်၊ ဒါပေမယ့် သူတို့နှစ်ယောက်လုံးကအကြံတူဉာဏ်တူတွေလေ ယောကျ်ားနှစ်ယောက် ကားတူတူစီးရင် မောင်းတဲ့သူက အပေါ်ထပ်ပဲ၊ ဘယ်သူသတ်မှတ်လဲမမေးနဲ့ သူနဲ့နှုတ်ခမ်းထူပဲ............

တဂျက်ဂျက်Where stories live. Discover now