နိုင်တီး

426 78 62
                                    

ဂျောင်ကု ဟိုကောင်လေးညွှန်ပြတဲ့အတိုင်းတော့ထွက်လာခဲ့ပေမယ့် အရပ်မျက်နှာလောက်သိရတာက ဘာမှသိပ်မထိရောက်..
ကားကို နှစ်နာရီလောက်ထိဆက်မောင်းလာတော့ အိမ်နဲ့တူတာဆိုလို့ဘာမှကိုမတွေ့ရတော့...
သူကနယ်ခံမဟုတ်တာလည်းပါလိမ့်မည်၊ ဆက်မောင်းနေရင် သူပါလမ်းပျောက်သွားနိုင်သည်မို့ နောက်တစ်နည်းစဉ်းစားရတော့မည်။ ထိုမှသာ သူကားကိုအတော်အသင့်နောက်ပြန်ဆုတ်ခဲ့လိုက်ကာ လူနေအိမ်တွေရှိရာကိုရှာလိုက်သည်၊ 
ကောင်လေးပြောလိုက်သလိုဆိုဒီဘက်လမ်းကြောမှာ အကွေ့အကောက်ဆိုတာမျိုးကမရှိ တစ်လမ်းကြောတည်းသာရှိသည်မို့ ဒီလမ်းကြောပေါ်ကဆိုင်တစ်ဆိုင်လောက်ကများသတိထားမိလိုက်နိုင်မလားလို့စဉ်းစားမိသည်...

ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်တွေ့သည်နှင့် ဂျောင်ကုကားပေါ်ကအမြန်ဆင်းကာဆိုင်ရှင်ကြီးနှင့်စကားပြောလိုက်သည်။ အကျိုးအကြောင်းပြောပြကာအကူအညီတောင်းတော့ ကံကောင်းစွာပဲ ခုရက်ပိုင်းပစ္စည်းတွေအခိုးခံရလို့ စီစီတီဗီတပ်ထားတာ တစ်ပတ်လောက်ပဲရှိသေးသည်တဲ့လေ...
သဘောကောင်းလွန်းတဲ့ဆိုင်ရှင်ဦးလေးကြီးက သူတောင်သိပ်မပြောလိုက်ရပဲ စီစီတီဗီကြည့်ခွင့်ပေးသည်မို့ recordတွေကိုပြန်ကြည့်လိုက်သည်။ 

"ဒီနားဒီနား ခနရပ်ပါဦးဆရာကြီး
ဟုတ်တယ်ဗျ ဒီကားပါဆရာကြီး 

ဂျောင်ကု အဲဒီကောင်ရဲ့ကားကိုသေချာမှတ်မိသည်၊ ရှူတင်လာတုန်းက သူတို့ကားနဲ့လိုက်ခဲ့ပြီး နောက်မှ သူ့အိမ်ကခိုင်းတဲ့သူတွေကိုအယောက်နှစ်ဆယ်လောက်အင်အားပြပြီး လာပို့်ခိုင်းခဲ့တာလေ ။ နောက်ဆုံးပေါ်ဆိုပဲ နှစ်ယောက်တည်းပဲစီးလို့ရတဲ့ကား ဘာedition ဘာညာနဲ့ ဖင်ခေါင်းကျယ်ခဲ့သေးတာ..
သေချာကြည့်လိုက်တော့မှ ကားက ဒီရှေ့ကဖြတ်သွားတယ်ဆိုတော့ စိတ်တောင်ညစ်သွားသည် 
သူအစက ဒီဆိုင်ရှေ့ကနေသာဖြတ်မသွားဘူးဆို ရိုက်ကွင်းနေရာကနေဒီထိ ဒီကြားထဲမှာပဲရှိရမယ်လို့ကောက်ချက်ချခဲ့တာကို ခုကျ တမျှော်တခေါ်....

"ဘာလုပ်နေတာတုန်းရှင်က ဈေးမရောင်းပဲ

သူနှင့်ဆိုင်ရှင်ကြီးကို အခန်းအပေါက်ဝကနေ ခါးထောက်ကာကြည့်နေသူကြောင့် သူ့နည်းတူဆိုင်ရှင်ဦးလေးကြီးပါလန့်လို့တုန်သွားရသည်။ 

တဂျက်ဂျက်Where stories live. Discover now