တွမ်တိဖိုးအော

445 75 114
                                    

သူတို့တွေဇာတ်လမ်းသစ်တစ်ခုစတင်ရိုက်ကူးတော့မည်မို့ ဇာတ်ကောင်မိတ်ဆက်ပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲမှာရောက်နေကြတာဖြစ်သည်။
သူတို့လေးယောက်လုံး၏ တတိယမြောက်ဇာတ်လမ်းတွဲဖြစ်သလို ဆုတံဆိပ်တွေထိပါမျှော်မှန်းကြောင်းနှင့် အစွမ်းကုန်စိတ်နှစ်ကာ ကြိုးစားရိုက်ကူးကြမည်ဖြစ်သည်ဟု ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာများနှင့် ဟျောင်းသုံးယောက်တို့ကပါ သေချာပြောပြထားကြသည်။ 
ထို့ကြောင့်လည်း သူတို့သုံးယောက်လုံးရင်တုန်ပန်းတုန်ရှိလှသည်။ ဇာတ်လမ်းက အတော်လေးကိုမှ အေးအေးဆေးဆေးလေးနှင့် ဇာတ်ရှိန်တက်စရာလည်းမပါသလို ဇာတ်ရှိန်ကျသွားစရာလည်းမပါသည့်ပုံစံမျိုး...
သူတို့လေးယောက်လုံး၏နာမည်အရင်းတွေနှင့်ပင်ရိုက်ကူးရမည်ဖြစ်သည်ကတော့ ဇာတ်လမ်း၏ထူးခြားချက်ပင်...
လေးယောက်လုံးအတွက်လုပ်ကွက်အပြည့်ပါကာ ခံစားချက်တွေကိုအသားပေးပုံဖော်သွားရမည့် အိမ်ထောင်ရေးပညာပေးဇာတ်လေးဖြစ်သည့်အလျောက် သူတို့လေးယောက်လုံးက ဒီဇာတ်လမ်းတစ်လျှောက်လုံး လူမပင်ပန်းသော်လည်း စိတ်ပင်ပန်းကြမည်ကတော့ ကျိန်းသေပင်...

"ဇာတ်လမ်းမိတ်ဆက်နဲ့ ဇာတ်ညွှန်းဖတ်ပွဲလေးစလိုက်ကြရအောင်လားရှင်း

သူတို့သရုပ်ဆောင်တွေနည်းတူ ရိုက်ကူးရေးတွင်ပါဝင်မည့်သူများအားလုံးအပြင် ပရိုဂျူဆာများကပါ နေရာအကျအနယူပြီးချိန်တွင် ပွဲအတွက်တာဝန်ယူထားသည့်အမတစ်ယောက်က ကြေညာလိုက်ခြင်း..

"ယနေ့ကျင်းပတဲ့ပွဲကတော့ ကျွန်မတို့ရဲ့ယူအာကုမ္ဗဏီနှင့် ဂျန်တာပရောဂျက်တို့ပူးပေါင်းရိုက်ကူးမည့် *စည်း* ဒရာမာမိတ်ဆက်ပွဲပဲဖြစ်ပါတယ်..
ဒီဒရာမာ တွင်ပါဝင်သရုပ်ဆောင်ကြမည့်သူများနှင့်အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်..
သရုပ်ဆောင်အဖြစ်ပွဲဦးထွက်သည့်ခြောက်လကျော်ကျော်လောက်အတွင်းမှာပဲ ပရိသတ်ရဲ့အားပေးမှုကိုအခိုင်အမာရထားသည့်အပြင် ဇာတ်လမ်းတွဲနှစ်ခုကိုအအောင်မြင်ဆုံးကြည့်ရှုနှုန်းအထိဆွဲခေါ်နိုင်ခဲ့ကြတဲ့ ဘန်ထန်းအင်တာတိန်းမန့်ရဲ့အကျော်အမော်လေးများ
ဘန်ထန်းအဖွဲ့သားလေးယောက်လုံးပဲဖြစ်ပါတယ်...
ထူးခြားဆန်းပြားစွာပဲ ဒီဒရာမာကို စာရေးဆရာမကိုယ်တိုင်က သူတို့လေးယောက်ရဲ့နာမည်တွေနဲ့ပဲ ဇာတ်ကောင်တွေကိုပုံဖော်ထားသည့်အတွက် ဇာတ်ကောင်အလိုက်ကိုတော့ ကိုယ်တိုင်ကပဲ ဆက်လက်မိတ်ဆက်ပေးသွားကြပါလိမ့်မယ်ရှင်...

တဂျက်ဂျက်Where stories live. Discover now