ဖိုး

441 74 21
                                    

ကင်မ်ဆော့ဂျင် ကင်မ်ဆော့ဂျင် သူ့ကို ကျောင်းကန်တင်းလောက်လေးမှာပဲ ပညာပေးခဲ့တာကို သူကတော့သူ့ကိုမြို့လယ် လူပုံလည်မှာ မျက်ခွက်ဖြတ်ရိုက်သွားတယ်၊ သူအငိုက်မိသွားတာ သူကလည်း အ တာပါ ဒီလိုဇာတ်လမ်းမျိုးကို နှုတ်ခမ်းထူပဲထွင်နိုင်မှာကို သူမတွက်လိုက်မိဘူး ၊ အဲဒီအချိန်တုန်းက သူက ပူထူနေတာမို့ ဘာမှကိုထွေထွေထူးထူးမတွေးနိုင်လိုက်တာ၊ နောက်ဆုံး နှုတ်ခမ်းထူကိုဆိုင်ရှေ့မှာတွေ့တော့တောင် သူအဲလိုဖြစ်မယ်လို့မတွေးမိတဲ့အပြင် ဒီကိစ္စကိုတော့ကူရှင်းပေးလောက်မှာပါ သူ့ကိုတော့ဘယ်လောက်အမြင်ကတ်ကတ် ငယ်ငယ်ကတည်းက အနီးကပ်ဆုံးရှိနေပေးတဲ့ မပျင်းရအောင်ရန်ဖြစ်ပေးနေတဲ့ သူ့ကိုပိုတော်လာအောင်လိုက်ပြိုင်ပေးနေတဲ့သူတစ်ယောက်အဖြစ် သူ့ကို ဒီကျင်းထဲကျပ်ထဲကနေကူညီပေးနိုင်မှာပါလို့ သူရူးရူးမိုက်ိမိုက်တွေးမိသေးတာ ၊ လက်စသတ်တော့မှ နှုတ်ခမ်းထူရဲ့စနက်ဖြစ်နေတယ် သူက သူမသိအောင်လုပ်လို့ရရဲ့နဲ့တောင် သပ်သပ် မခံမရပ်နိုင်ဖြစ်အောင် သူလုပ်တာမှန်းသိအောင်လုပ်ပြသွားသေးတာ။ သူအဲဒီညကဆို အိပ်လို့တောင်မပျော်ဘူး အစကတော့ လူတွေရှေ့မို့အရမ်းရှက်တာဆိုပေမယ့် နှုတ်ခမ်းထူလုပ်ကြံတာကိုခံလိုက်ရမှန်းလည်းသိရော သူရှက်တဲ့စိတ်တောင်ဘယ်ချောင်ကပ်သွားမှန်းမသိတော့ဘူး ၊ သူခုချိန်မှာစိတ်တိုတယ် သူခံလိုက်ရသလို နှုတ်ခမ်းထူကိုလည်း ပညာပြန်ပေးဖို့သာတွေးနေမိတယ်၊ သူစိတ်တိုခံပြင်းလွန်းလို့  ဘာမှကိုမလုပ်နိုင်တော့ဘူး ကျောင်းလည်းမသွား ထမင်းလည်းမစား အဆုံးစွန်ဆို သူ အောက်ထပ်ကိုတောင်မဆင်းဘူး အီးအီးလည်းမပါနိုင်ဘူး ။ ကင်မ်ဆော့ဂျင်ကိုမှ တစ်ခုခုပြန်မလုပ်ရရင် သူရူးတော့မှာ.....

"ဒေါက် ဒေါက် 

"ဘာလဲ သားဘာမှမစားချင်ဘူးလို့ တစ်ယောက်တည်းနေချင်ပါတယ်ဆို လွှတ်ထားပေးကြပါ

"ကျွီ

သူဒီလောက်အော်ပြောနေတာကို အခန်းတံခါးဖွင့်ပြီးဝင်လာသည်မို့ သူဒေါသကထွက်လာရသည်၊ ကင်မ်ဆော့ဂျင်ကိုဒေါသထွက်နေတာဆိုပေမယ့်လည်း ခုချိန်မှာတော့ သူ့ရှေ့ရောက်လာသူက သူ့ရန်သူပဲဖြစ်နေတော့မှာ..

တဂျက်ဂျက်Hikayelerin yaşadığı yer. Şimdi keşfedin