ဖိုက်

488 77 44
                                    

အဲဒီနေ့ပြီးတဲ့နောက်မှာလူစီ့ဆီကိုလုံးဝဆက်သွယ်၍မရတော့ .. သူရှင်းပြဖို့ကြိုးစားခဲ့ပါသော်လည်း လူစီက ထိုကောင့်စကားတွေကိုသာအပြည့်အဝယုံကြည်သွားပြီးကျောင်းပါထွက်သွားခဲ့သည်။ မျက်ပြူးဘာတွေပြောလိုက်လို့ ဒီလောက်ထိဖြစ်သွားလည်းမသိပေမယ့် သူ့အတွက်တော့အရမ်းကြီးနစ်နာသွားတာမျိုးမရှိ, သူတို့နှစ်ယောက်ရဲ့ရန်ပွဲတွေကြားမှာ ဒီလိုဓားစာခံဖြစ်သွားရသည်ကြောင့် လူစီ့အတွက်တော့အနည်းငယ်စိတ်မကောင်းဖြစ်မိသည်၊ သူမနစ်နာဘူးဆိုသော်ငြား ထိုကောင့်ကိုတော့ တေးမှတ်ထားလိုက်သည် တွေ့ကြသေးတာပေါ့မျက်ပြူးရာ.....

သူတို့ပထမနှစ်တွေနှင့် စီနီယာတန်းတို့ပူးပေါင်းပြီးလုပ်ရမည့်ပရောဂျက်ကိစ္စတွေကြောင့် သူတို့တွေရန်ဖြစ်ဖို့မအားကြသေး။ ထိုကောင်ကလည်းအကြိတ်အနယ်ကြိုးစားနေသည်မို့ သူကပါအပြင်းအထန်လိုက်ကြိုးစားနေရသည်။ ငယ်ငယ်ကတည်းက သည်အတိုင်းပင် သူ့ထက်စာရင် မျက်ပြူးကပိုပြီးကြိုးစားချင်စိတ်ရှိသည်၊ ကျောင်းစာကိုအာရုံစိတ်ပြီး အားကစားဘက်မှာလည်းတော်သည်၊ သူကတော့ သူ့လိုမဟုတ် ဘာမှသိပ်အလေးမထားတတ်ပဲ ပျော်ပျော်ပါးပါးသာနေချင်သည်မို့ သူအိမ်ကသူတွေက သူ့ထက်မျက်ပြူးကိုသာပိုသည်းကြသည်။ သူကလည်းတက်သမျှကျောင်းတိုင်းတွင်တော့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည် အကြောင်းအရင်းကတော့ မျက်ပြူးကိုလိုက်ပြိုင်ရင်းနှင့်ပင် ။ မျက်ပြူးနှင့်သူက ဟိုးငယ်ငယ်လေးတုန်းကတော့သူငယ်ချင်းတွေဖြစ်ခဲ့ကြပါသေးသည် အဲဒီအချိန်တွေတုန်းက‌တော့ သူတို့ကရန်ဖြစ်တယ်လို့တခါလေးတောင်မရှိဖူးဘူးဟုလူကြီးတွေကတော့ပြောကြသည်။ သူကတော့သေချာမမှတ်မိတော့ပေမယ့် နှစ်ဖက်အိမ်ကလူကြီးတွေကတော့ သူတို့ရန်ဖြစ်ကြတိုင်းအဲလိုသာပြောကြလေ့ရှိသည်။ သူတို့က ပြသနာတစ်ခုရှိခဲ့လို့သာ ခုလိုတွေဖြစ်ကုန်ခဲ့ကြတာ သူက သူတို့အဆင်ပြေခဲ့ကြတဲ့အချိန်တွေကိုသေချာမမှတ်မိတော့ပေမယ့် သူတို့ဘယ်ကစပြီးရန်ဖြစ်ကြ ပြိုင်ဆိုင်ကြလဲဆိုတာကိုတော့ သေချာမှတ်မိနေပါသေးသည်။

အဲဒီအချိန်တုန်းက သူတို့နှစ်ယောက် မူကြိုစတက်ခါစ သူတို့အိမ်တွေကသူတို့နှစ်ယောက်ကိုအမြဲဆင်တူသာဆင်ပေးကြပြီး ကျောင်းဖြစ်စေ ဘယ်ကိုဖြစ်စေ သူတို့ကိုအားတဲ့တစ်အိမ်အိမ်ကသာတူတူလိုက်ပို့လိုက်တာ ၊ ဆိုတော့ သူတို့နှစ်ယောက်ကအတော်ရင်းနီးခဲ့တယ်ဆိုတာဖြစ်နိုင်ပါသည်လေ ထိုနေ့မတိုင်ခင်ထိပေါ့...

တဂျက်ဂျက်Where stories live. Discover now