အိတ်ထ်

638 88 38
                                    

ရိုက်ကူးရေးစတော့မည့်ရက်သို့ရောက်လာတော့ သူတို့အားလုံး ကိုယ်စီအလုပ်ရှုပ်နေကြပြီဖြစ်သည်။ ရိုက်ကွင်းက ဆိုးလ်မှာတင်မဟုတ်ပဲ တခြားနယ်တွေထိပါသွားရောက်ရိုက်ကူးရမည်ဖြစ်၍ ဟျောင်းတို့ကိုယ်တိုင်တောင်မှ မအားမလပ်ရှိနေကြပြီး သူတို့လေးယောက်၏မန်နေဂျာများသည်လည်း ထိုသို့ပင် ..
သူတို့ကိုက ကိုယ်ပိုင်မန်နေဂျာတစ်ယောက်စီသီးသန့်ထားပေးထားပြီး သူတို့ရဲ့ အစစအရာရာကို ထိုဟျောင်းတွေနှင့်သာတိုင်ပင်လုပ်ကိုင်ကြရတာဖြစ်သည်။ အဝတ်အစားဒီဇိုင်း မိတ်ကပ်အပြင်အဆင်နှင့်  ဇာတ်ညွှန်းလေ့ကျင့်ခြင်းကအစ ထိုမန်နေဂျာဟျောင်းတို့ကသာတာဝန်ယူထားကြသည်မို့ သူတို့လေးယောက်ကတော့ ဇာတ်ကောင်ပိုင်းပိုင်နိုင်မှုနဲ့ ခံစားချက်ကောင်းမွန်အောင်နေထိုင်ဖို့သာအရေးကြီးသည်။ 

ထိုကိစ္စကသူ့အတွက်အခက်ခဲဆုံးပဲ ဘယ်လိုများသူကခံစားချက်ကောင်းနိုင်ဦးမှာလဲ...
မမြင်ချင်တဲ့သူကိုပဲအချိန်ပြည့်မြင်တွေ့နေရတာကို၊
သူဇာတ်လမ်းကိုသေချာဖတ်ကြည့်ပြီးတော့မှသိသည်က ဇာတ်လမ်းကအရမ်းကိုချစ်ကြတဲ့ကောင်လေးနှစ်ယောက်အကြောင်းကိုအလှည့်အပြောင်းများစွာဖြင့်ရိုက်ပြချင်တာမျိုးဖြစ်သည်. ...
ဝက်ဘ်တွန်း ဘာညာကမဟုတ်ပဲ သူတို့အတွက် သီးသန့်ထွင်ပေးထားသည့်ဇာတ်မို့ ဟိုဟာကောင်းတယ် ဒါကဘာဖြစ်တယ်တွေ နှိုင်းယှဉ်ပြီးပြောဆိုခံရတာမျိုးမရှိနိုင်ပေမယ့် သူတို့ကတော့ အကောင်းဆုံးပဲဖြစ်ချင်ပါသည်။ ပရိတ်သတ်တွေကသူတို့ကိုချစ်သလို သူတို့ကလည်း ထပ်တူပဲချစ်ကြသည်။ ဒါက သူတို့လိုအနုပညာရှင်တွေမှာရှိရမည့်စိတ်တစ်ခုပဲဟု သူတို့လေးယောက်လုံးကို ဟျောင်းသုံးယောက်က အချိန်တိုင်းဆုံးမတတ်သည်။ 

အနုပညာလောကသားတွေဟာ မတူညီမှုကိုယ်စီ တဲလန့်ကိုယ်စီနဲ့ ကိုယ့်လမ်းကြောင်းကိုယ်ဖောက်လို့ရတယ် ထရန်းနောက်လိုက်သည်ဖြစ်စေ ၊ ကိုယ့်ကိုယ်ပိုင်ပုံစံဖြင့်ပဲကျန်နေခဲ့သည်ဖြစ်စေ အရေးအကြီးဆုံးက မတူညီမှုတွေအများကြီးထဲကမှ တူညီမှုတစ်ခုရှိနေဖို့ပဲ ၊ အဲဒါက ပရိတ်သတ်အပေါ်ချစ်တတ်တဲ့စိတ်ပဲတဲ့...

တဂျက်ဂျက်Where stories live. Discover now