အီလဲဗန်း

434 83 21
                                    

ဆော့ဂျင် စိတ်တိုတိုနဲ့ ထိုနေရာကနေ ခြေဆောင့်ကာထွက်လာခဲ့ပြီး ရိုက်ကူးရေးကလည်းပြန်စဖို့ကြာဦးမှာမို့ လူအနည်းငယ်ရှင်းတဲ့နေရာကို ဒေါသဖြေဖို့ရောက်လာခဲ့တယ်။ ရိုက်ကူးရေးပြန်စတာနဲ့ သူနဲ့မျက်ပြူးက နမ်းတဲ့အခန်းရိုက်ရမှာပါဆို ခုလိုဒေါသနဲ့ဆို နမ်းနေရင်းလုံးသတ်မိလိမ့်မယ်။ 

"ဘယ်လိုကောင်မှန်းကိုမသိတာ သူ့ကိုဘယ်လောက်ပညာပေးပေး အမှတ်သည်းခြေကိုမရှိတာ တွေ့ဦးမယ် မျက်ပြူးကောင် 

ဆော့ဂျင် ဂျောင်ကုကိုထွက်သမျှဒေါသတွေကို အောက်ကမြက်စိုစိုတွေပေါ်သာပုံချနေမိသည်။ ခြေထောက်နဲ့ အားရပါးရဆောင့်နင်းနေရင်းမှ မျက်ပြူးရဲ့မထီမဲ့မြင်မျက်နှာကိုမြင်ယောင်လာတော့ စိတ်ကပိုတိုလာသည်။ 

"အင့်ဟယ်

တွေ့တဲ့ဘူးခွံကိုကန်ထုတ်ပစ်လိုက်တာဖြစ်သည်။

"ဂျင်...

သူစိတ်တိုတိုနဲ့လုပ်ချင်ရာလုပ်နေမိတုန်း နောက်နားလေးကနေ သူ့နာမည်ကိုနူးနူးညံ့ညံ့ခေါ်လာတာကြောင့် လှည့်ကြည့်လိုက်တော့ သူမသိတဲ့မျက်နှာစိမ်းတစ်ယောက်...
ထိုမျက်နှာစိမ်းကတော့ သူ့ကိုရင်းနီးသလိုပုံစံဖြင့် အတင်းကာရောပြုံးပြနေသည်။ သူ သူ့ကိုကြောင်ကြည့်နေတာကိုကြည့်ပြီး ထိုသူက ပိုပြုံးပြလာသည်။၊ ဘာတုန်းဟ ကြောင်တောင်တောင်နဲ့...

"ဂျင် ဟို...

"ကျွန်တော်နဲ့သိလို့လား

ဆော့ဂျင်ဖြတ်ပြောလိုက်သည်။ ဟုတ်တယ်လေ သိလည်းမသိပဲနဲ့ ..
သူက ဟိုမျက်ပြူးတို့နှစ်ယောက်နဲ့ဂျီမင်ကလွဲရင် ကျန်တဲ့သူတွေနဲ့ ဘယ်တုန်းကမှအဆက်အဆံလုပ်ဖူးတာမဟုတ်ဘူး...
ထားခဲ့တဲ့ကောင်မလေးတွေကလား အဟမ်း အဲဒါတွေက ဒီတိုင်း ငယ်သူမို့မသိတတ်ခဲ့လို့ပါ...

"ဪ ဂျင်ကတော့ကျွန်တော့်ကိုမသိလောက်ဘူးဗျ ကျွန်တော်က ဒီကားမှာပါမယ့်သရုပ်ဆောင်ပါ ဇာတ်လမ်းမိတ်ဆက်ပွဲတွေတုန်းကနိုင်ငံခြားမှာခရီးလွန်နေခဲ့လို့ မဆုံဖြစ်ခဲ့ကြတာ
အခုမှပြန်ရောက်လို့လာနှုတ်ဆက်တာပါ
ကျွန်တော့်နာမည် ဂိုဂျင်ယောင်းပါဗျ ဂျင့်ပရိတ်သတ်ပါ 
အရင်ကတည်းက ဂျင့်တကိုယ်တော်သီချင်းတွေဆို အရမ်းကိုကြိုက်ခဲ့တာ အသည်းစွဲပဲ

တဂျက်ဂျက်Tempat cerita menjadi hidup. Temukan sekarang