သရီး

506 74 25
                                    

တက္ကသိုလ်ပထမဆုံးတက်သည့်နေ့.....

"ဂျီမင်နီးလေး ငါတို့တွေလွတ်လပ်ပြီကွ ရေးးး

လက်သီးလက်မောင်းတန်းကာလျှောက်အော်နေသောဂျင်က မသိရင် အရင်ကတော့ အိမ်ကထိန်းသိမ်းခံထားရသည့် ဗိုင်းကောင်းကျောက်ပိလိုလိုနဲ့၊

"မင်းကဘယ်တုန်းကမလွတ်လပ်ဖူးလို့လဲ

နှုတ်ခမ်းတလန်ပန်းတလန်နှင့်ပြောလာသည့်ဂျီမင်ကိုကြည့်ပြီး သူဖီလ်းပျက်သွားသည်၊ သူ့မှာဇာတ်လမ်းတွေထဲကလို တက္ကသိုလ်စတက်တာနဲ့ အဲလိုပုံစံလေးလုပ်ကြည့်ချင်တာကို ချစ်လှစွာသောတစ်ဦးတည်းရှိသည့်သူငယ်ချင်းက တုတ်ထိုးအိုးပေါက်....
လူလိုပဲ စိတ်လည်းပုတယ်...

"မင်းကလေ ကောင်းကောင်းမွန်မွန်ပြောရင်ဘာဖြစ်မှာမို့တုန်း ၊ ဒီသူငယ်ချင်းလေးတစ်ယောက်ရှိတာကို စိတ်ချမ်းသာအောင် ရေလိုက်ငါးလိုက်နေပေးလို့မရဘူးလား

"မရဘူး 

တုံးတိပြောပြီးရှေ့ကထွက်သွားသည့်ခြေတိုလေးနောက် အမှီလိုက်ရသည်၊ သူ့မှာသူငယ်ချင်းဆိုလို့ မူးလို့ရှူစရာတောင် ဒီတစ်ယောက်ပဲရှိသည်လေ ၊ သူရောဂျီမင်ရောက လူရွေးသည်မို့ သူတို့အချင်းချင်းကလွဲအပေါင်းအသင်းမလုပ်ကြ။ ဒါကြောင့်လည်း ဒီလူပုစိတ်တိုလေးကို သူ့မှာ သည်းခံပေါင်းသင်းနေရတာ...

"နေပါဦးဟ 
"ဂျီမင် မင်းပြော ငါတို့ဘယ်သွားကြမလဲ

"ဘာကိုဘယ်သွားမှာလဲ 

ပြီတီတီနဲ့ကြည့်နေတဲ့ကင်မ်ဆော့ဂျင်ဆိုသူကြောင့် သူ့ခြေလှမ်းတွေကိုအတန်းဆောင်ဘက်သာမြန်မြန်သွက်သွက်လှည့်လိုက်တယ်၊ သူကပထမရက်ကတည်းကကျောင်းလစ်ဖို့တွေးနေပြီ ဟူးးး ငါလည်းဒုက္ခ သူငယ်ချင်းလေးတစ်ယောက်ရှိပါတယ်၊ ဘယ်အချိန်ထိ ကလေးလိုလိုက်ထိန်းပေးနေရဦးမှာလဲ၊ ကင်မ်ဆော့ဂျင်ကိုနိုင်မယ့်တစ်ယောက်လောက် ဘယ်တော့မှပေါ်လာမှာလဲလောကကြီးလို့သာ အော်အော်ပြီးမေးလိုက်ချင်တော့တာပဲ.....

"ဂျီမင်လို့ 

"မရဘူးနော် မင်းပဲ အနုပညာကျောင်းတက်မှာ တအားတက်ချင်လွန်းလို့တပိုင်းသေနေပါပြီဆိုပြီး ငါ့ကိုပါဇွတ်လိုက်တက်ခိုင်းထားပြီး 

တဂျက်ဂျက်Wo Geschichten leben. Entdecke jetzt