ဆစ်စတီး

365 84 54
                                    

သူဂျောင်ကုနဲ့အရင်လိုပဲ တဂျက်ဂျက်ဆက်ဆံရေးပြန်ဖြစ်ကတည်းက သူတို့လေးယောက်က ပို၍တတွဲတွဲဖြစ်နေခဲ့ကြတာမို့ ဂျင်ယောင်းကမနက်စာတူတူစားရအောင် စကားပြောရအောင် လျှောက်သွားရအောင် စသဖြင့် သူ့ကိုခနတိုင်းခွင့်တောင်းနေပေမယ့် သူမလိုက်လျောဖြစ်တော့...
သူအားနာလို့ဆိုပြီးအကုန်လိုက်လျောနေရာက တခုခုမကောင်းတဲ့ခံစားချက်မျိုးရလာတော့ သူအားမနာနိုင်တော့..သူ့ကိုအတင်းတွယ်ကပ်နေတာမျိုးက သူနဲ့ဘယ်လိုမှအဆင်မပြေ.. 
အမြဲရှောင်မိနေရာကနေ သူ့ကိစ္စနဲ့သူအခန်းထဲကမထွက်ဖြစ်တဲ့ရက်တွေရောပေါင်းသွားတော့ မတွေ့ဖြစ်တာတောင်ကြာနေပြီဖြစ်သည်. ...
အဲဒီရက်တွေကဆို ဖုန်းဆက်သည်ဖြစ်စေ စာပို့သည်ဖြစ်စေ အားလုံးကိုလျစ်လျူရှုထားလိုက်တော့တာမို့ ခုမှမျက်နှာချင်းဆိုင်ပြန်တွေ့လိုက်တော့ အနည်းငယ်အားနာမိသွားသည်။ 
ထို့ကြောင့်ပဲ ဂျင်ယောင်းကစကားပြောချင်သည်ဟုပြောလာတော့ ဂျီမင်ကိုခနစောင့်ပေးရန်ပြောပြီး နောက်ကလိုက်ခဲ့လိုက်သည်။ 

အကယ်၍ သူ့ကိုကျိန်းသေပေါက်တခုခုပြောလာခဲ့ရင်တော့ ငြင်းစရာရှိတာကို ပွင့်ပွင့်လင်းလင်းငြင်းရမည်။ သူ့ကိုကယ်ခဲ့ဖူးတာတစ်ခုတည်းနဲ့တော့ စိတ်မဝင်စားနိုင်တဲ့သူတစ်ယောက်ကို အတင်းဇွတ်မှိတ်ပြီးတွဲတာမျိုးမလုပ်နိုင်ဘူးလေ။ အဲလိုဆိုပြန်တော့ သေချာလေးငြင်းဖို့ စကားလုံးလှလှလေးတွေကလိုအပ်လာပြန်သည်။ သူလာရာလမ်းတစ်လျှောက်လုံး ဘယ်လိုစကားလှတွေသုံးပြီးငြင်းရရင်ကောင်းမလဲဟုတွေးလာခဲ့သော်လည်း တခုမှစဉ်းစားလို့မထွက် ..
မထွက်ဆို အဲဒါသူ့စတိုင်မဟုတ်ဘူးလေ..သူကဘယ်သူနဲ့မှ စကားကိုသွယ်ဝိုက်ပြောမနေဘူး ပြောစရာရှိတာဒဲ့ပဲ ..
သူ့ကျေးဇူးသာရှိမနေရင် ငါမင်းကိုမကြိုက်တာမို့ မနှောက်ယှက်နဲ့ သတိပေးထားတဲ့ကြားကထပ်ရှုပ်လာရင် အမှုဖွင့်ပြီးတရားစွဲမှာ ဟု ခပ်ကြမ်းကြမ်းပြောမိမှာ... ခုတော့ ကျေးဇူးဆိုတာကြီးကိုထည့်သွင်းစဉ်းစားနေရပြီ။ 

အဲဒါကြောင့်ပေါ့ ရှေးလူကြီးတွေပြောတာ သူများဆီကိုဘယ်တော့မှကျေးဇူးမရှိစေနဲ့ အလကားရရင်ဘာမှမယူနဲ့ အဲဒီနောက်ကပါလာမယ့်ကျေးဇူးကျွေးက သူတို့တောင်းတိုင်းဆပ်နေရတော့မှာတဲ့
တယ်မှန်တဲ့ဆိုရိုး...

တဂျက်ဂျက်Where stories live. Discover now