ဆဲဗင်း

762 86 49
                                    

သတင်းစာရှင်းလင်းပွဲနှင့် ဇာတ်လမ်းမိတ်ဆက်ပွဲလုပ်မည့်နေ့မှာ ကင်မ်ဆော့ဂျင်တစ်ယောက်ရဲ့မျက်နှာကတော့ မိုးပြိုမလိုဖြစ်နေသည်။ ဇာတ်လမ်းတွဲကိစ္စသူတို့ကိုခေါ်ပြောပြီး တစ်ပတ်အတွင်းမှာ ကိစ္စတွေအများကြီးဖြစ်ပွားခဲ့သည်။ ကျွန်တော်ကင်မ်ဆော့ဂျင်အတွက်တော့ ကောင်းတာတစ်ခုမျှမပါ။ ဂျွန်မျက်ပြူးနဲ့သူနဲ့တွဲရိုက်ရမှာဖြစ်သည့်အပြင် ဇာတ်ကောင်ရွေးကြတော့ သူကဟိုနေရာကိုရသည်လေ။ အပွဲပွဲနွှဲလာသမျှ ဒီတစ်ခေါက်မှာ လက်လျှော့လိုက်ရတာတကို သူရင်နာလို့မဆုံးဘူး။ 

လွန်ခဲ့သောငါးရက် နေ့လည်ဆယ်နာရီအချိန်

"လူစုံရင် ဇာတ်ကောင်ခွဲမယ် နေရာယူပေးကြပါ 

ဝန်ထမ်းကောင်မလေးတစ်ဦး၏အသံကြောင့် ဆိုဖာပေါ်တွင်ခွေခေါက်ထိုင်ကာဂိမ်းဆော့နေသည့်ဆော့ဂျင်နှင့် ဂျင့်ပေါင်ပေါ်ခေါင်းအုံးကာအိပ်နေသည့်ပတ်ခ်ဂျီမင်တို့ ထလာခဲ့လိုက်ကြသည်။ ဂိမ်းဂျိုး ဂျင်ကတော့ သူ့ဂိမ်းမပြီးမချင်းဆက်ဆော့ရင်းသာ သတ်မှတ်နေရာတွင်ဝင်ထိုင်လိုက်သည်။  ဇာတ်ကောင်အတိုင်းသာထိုင်ခုံကိုချပေးထားတာဖြစ်သည့်အတွက် ဂျီမင်နဲ့ထယ်ယောင်းကတစ်ခြမ်း ဂျင်နဲ့ဂျောင်ကုကတစ်ခြမ်းသပ်သပ်စီထိုင်ကြရသည်။ ဟိုနေ့ကတည်းက သူတို့မှာရွေးစရာမရှိခဲ့တာမို့  ဂျွန်ဂျောင်ကုနဲ့ဂျင်ကတစ်တွဲ ဂျီမင်နဲ့ထယ်ယောင်းကတစ်တွဲ သေချာသွားခဲ့ခြင်းကြောင့်ပင်။

ဂျင် သူ့နာမည်နဲ့ခုံကိုထိုင်လိုက်ပြီး ဂိမ်းကိုသာအာရုံစိုက်ဆော့နေတုန်း သူ့ကိုတစ်ယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားရတာကြောင့် ဖုန်းစခရင်ကနေ အကြည့်ခွာကာ မျက်လုံးကိုလှန်ကြည့်လိုက်တော့ တွေ့ပါပြီမျက်ပြူး ဘေးချင်းကပ်လျက်ထိုင်နေရတာကိုလွန်လှပြီကို ဒီကောင်က ဘာကိစ္စနဲ့သူ့ကိုလာကြည့်နေတာတုန်း အာရုံပဲ....
သူရန်စကားတခုခုပြောဖို့ပါးစပ်ပြင်လိုက်ပေမယ့် ဇာတ်ညွှန်းဆရာနှင့်အတူ ဟျောင်းတို့ပါရောက်လာကြသည်မို့ ပါးစပ်ကို ဘရိတ်မြန်မြန်အုပ်လိုက်ရသည်။ ဒါတောင် လွှတ်ကနဲထွက်သွားသေးတာက ကျက်သတုံး....
သူ့အသံကိုကြားလိုက်လို့ထင် သူ့ကိုလှည့်ကြည့်လာပေမယ့် ဘာမှတော့ပြန်မပြောပုံကြည့်ရတာ သေချာမကြားလိုက်လောက်ဘူး ဟ ဟ မျက်ပြူးသူ့ဆီမှာခံလိုက်ရတာမလား....

တဂျက်ဂျက်Where stories live. Discover now