အိတ်တီး

429 77 74
                                    

*** မတည့်တဲ့သူအား သေချာတောင်းပန်နည်း
*** ယောကျ်ားလေးချင်းတောင်းပန်နည်း
*** ကိုယ့်ကိုကာကွယ်ပေးတဲ့သူကိုတောင်းပန်နည်း
***မထင်ထားတဲ့သူဆီကအကူအညီရလျှင် ဘာဆက်လုပ်သင့်ပါသလဲ
***ပါးစပ်နဲ့မဟုတ်ပဲ တခြားတောင်းပန်နည်းရှိပါသလား
***မျက်နှာချင်းဆိုင်မဟုတ်ပဲတောင်းပန်ရင် ရိုင်းရာကျပါသလား
***
***
***
***
***----------

အဆုံးမရှိသောမေးခွန်းများကို ဝီကီပီဒီရာ အေအိုင်အက်ပ်များနှင့် ဂူဂဲလ်တို့တွင်ရိုက်ရှာရင်း လက်ပ်တော့တစ်လုံးနှင့်အလုပ်ရှုပ်နေသူမှာ တခြားသူမဟုတ် 
ဂျောင်ကုတစ်ယောက် နေ့လည်ခင်းကအခန်းပြန်လာပြီးကတည်းက အပြင်လုံးဝမထွက်တော့ပဲကြိုးကြိုးစားစားရှာဖွေနေသော်လည်း အကြံကောင်းကထွက်မလာ...
ကြာတော့ ဂူဂဲလ်လည်းသူ့ကိုဆဲတော့မည်။ လက်ပ်တော့ပင် မီးတောက်မတတ်ပူလာကာ နာရီကိုတစ်ချက်ကြည့်မိတော့ ညနေစောင်း၅နာရီထိုးတော့မည်။ နေ့လည်ခင်း၁၂လောက်က ထယ်ယောင်းတို့ဂျီမင်တို့နဲ့စကားပြောပြီးနောက်ဆို သူအိပ်ယာထဲမှောက်လိုက်လှန်လိုက် ထိုင်လိုက်ထလိုက်လုပ်နေခဲ့တာ ၅နာရီလောက်တောင်ကြာပြီပေါ့....
ဒီလောက်နောက်ကျနေသည်ထိ သူ့အခန်းဖော်ပြန်မလာသေး...
ဘယ်တွေသဝေထိုးလုံးကြီးတင်အောက်ကမြင့်ရေးချဝဆွဲ နေတယ်မသိဘူး

တောင်းပန်နည်းရှာတာလည်းအလုပ်မဖြစ်မယ့်တူတူ ခြေထောက်မှာဗွေပါနေသူကိုသာလိုက်ရှာဖို့ထွက်ခဲ့တော့ ဘယ်နေရာမှာမှမတွေ့သည့်အပြင် ဂျီမင်တို့နဲ့လည်းအတူမရှိနေသည်မို့ စိုးရိမ်စိတ်တို့ဖြစ်ပေါ်လာမိသည်။ ဂျီမင်နဲ့ထယ်ယောင်းက ရိုက်ကွင်းသိမ်းခါနီးပြီမို့တောစပ်ကရေတံခွန်နားမှာ သွားဒိတ်နေကြသည်။ သူတို့ဆီဖုန်းဆက်မိတော့ ဂျီမင်ကပါစိတ်ပူသည်ဟုဆိုကာချက်ချင်းပြန်လာခဲ့ပြီး သုံးယောက်သားပစိပ်တိုက်လိုက်ရှာနေကြသည်။ နောက်ဆုံးဘယ်လိုမှမတွေ့တော့မှ ရိုက်ကွင်းကလူတွေကိုရောအကူအညီတောင်းကာ နီးစပ်ရာရွာများထိပါခြေဆန့်ကြသော်လည်းမတွေ့သေး...

"ဂျီမင် အဲဒီကောင်ကိုတွေ့လိုက်တဲ့သူမရှိတာတော့မဖြစ်နိုင်ဘူးမလား 

တဂျက်ဂျက်Tempat cerita menjadi hidup. Temukan sekarang