သာတီး

399 77 24
                                    

"အား ကျွတ် ကျွတ်
ခရီးကဝေး လမ်းကကြမ်း အစားအသောက်ကရှားပါး နေရာထိုင်ခင်းကကျဉ်းကျပ် ဘယ်လိုများအသက်ရှည်နေထိုင်ရပါ့မလဲနော် လူလည်းအရိုးပဲရှိတော့တယ်
လမ်းတစ်လျှောက်လုံးလည်း အိပ်ရေးကပျက်နဲ့ ခုချိန်ရိုက်ကူးရေးသာတန်းလုပ်ရရင်တော့ ငါ စလိုင်းသွင်းရမှာသေချာနေပြီ
လူလည်းကြည့်ဦး အတော်ဂါနေပြီကွာ မျက်လုံးတွေသေချာကြည့်ပေးစမ်းပါ ပန်ဒါမျက်လုံးဖြစ်နေပြီလားလို့

ခိုထက်ငြီးတဲ့သတ္တဝါကို သူတို့ကြည့်နေရုံသာတတ်နိုင်တော့သည်။
ကင်မ်ဆော့ဂျင်တစ်ယောက် ဆိုလ်းကနေကားစထွက်ကတည်းက တစ်လမ်းလုံး စားလိုက်သောက်လိုက် အစားများသွားရင် လမ်းမှာကားရပ်ခိုင်းပြီးအိမ်သာတက်လိုက်နှင့် သူ့အမှုကိစ္စကြည့်ပဲ သူတို့ကလိုက်နေခဲ့ရပြီး နည်းနည်းမှောင်ရီပျိုးသည်ကိုမြင်သည်နှင့် တန်းကနဲအိပ်ပျော်သွားတာဟာဆိုရင် ဆင်အော်လည်းမနိုး မဟုတ်သေးဘူး ဒင်းက ဆင်တက်နင်းသွားရင်တောင်နိုးမှာမဟုတ်။ တစ်လမ်းလုံး အိပ်လိုက်တဲ့အအိပ် သူ့ကိုအသားယူဖို့ ဘေးကကောင်ကခနတိုင်းကြိုးစားနေတာလည်းသူမသိ။
ကင်မ်ဆော့ဂျင်ဆိုတဲ့ကောင်က သူသာမရှိရင် ငယ်ငယ်လေးကတည်းက တစ်စစီဖြစ်နေလောက်ပြီ။
ငယ်ငယ်ကလည်း လူကသေးသေးနုနုလေးမို့ အားတိုင်းအနိုင်ကျင့်ခံရတာ။
နှုတ်ခမ်းထူတို့က အိမ်ကျယ် သူ့အိမ်မှာရယ် သူနဲ့ရယ်ဆိုရင်သာကျယ်တာ အပြင်ရောက်သွားတာနဲ့ ကြက်ကလေးငှက်ကလေးကိုဖြစ်လို့။
သူ့ပဲလိုက်စောင့်ရှောက်နေရလို့ သူလည်း နှုတ်ခမ်းထူရဲ့ရန်သူလား အစေခံလား ဘော်ဒီဂတ်လားတောင်မသိတော့ဘူး။
ခုလည်းကြည့် တစ်ညလုံး ဟိုမျက်နှာစိမ်းနှာဘူးကိုစောင့်ကြည့်နေရလို့ မအိပ်ခဲ့ရတဲ့သူကမငြီးရဘူး...
ဒီကောင့်ကိုသူဟိုနေ့ကတည်းကကြည့်နေတာ ရုပ်ကိုက နှာဘူးဂိုဏ်းခေါင်းဆောင်ရုပ်...

"ဂျင်ပင်ပန်းနေပြီလား ကျွန်တော်သယ်ခဲ့ပေးမယ်လေ ဒီအထုပ်တွေကို ဂျင်အရင်သွားနားလိုက်ပါ

သူဘာသာသူငြီးနေတုန်း အနားရောက်လာကာ စကားပြောလာသူကြောင့် ဆန့်တန်းထားတဲ့လက်တွေကိုချက်ချင်းရုတ်လိုက်တယ်။ သူအိပ်ချင်မူးတူးနဲ့မို့ ကားပေါ်မှာ လူပိုနှစ်ယောက်ပါလာတာကိုမေ့သွားတာပဲ

တဂျက်ဂျက်Onde histórias criam vida. Descubra agora