ဖစ်ဖတီး

352 74 37
                                    

သူတို့ရဲ့ရိုက်ကွင်းနေ့ရက်တွေက အရင်လိုပုံမှန်အတိုင်းပြန်ဖြစ်သွားပြန်သည်။ အရင်လိုပဲ ဆူဆူညံညံရှိလှကာ ပို၍အသက်ဝင်လာသည်။ သရုပ်ဆောင်ပိုင်းမှာပါတိုးတက်လာသည်မို့ ဒါရိုက်တာကြီးနှင့် ဇာတ်ညွှန်းဆရာတွေကပါချီးကျူးနေကြသည်အထိ ...
ထိုနေ့ကတည်းက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရင်လိုပြန်ဖြစ်သွားကြပြီး အရင်လို့ တကျက်ကျက်ပင်...
သူတို့ကပုံမှန်ဖြစ်သွားပေမယ့် ပုံမှန်မဖြစ်နိုင်ကြတာက ထယ်ယောင်းနှင့်ဂျီမင်း....

အဲဒီနေ့က သူရော ဆော့ဂျင်တို့ရောမရှိတုန်းကို ဂျီမင့်ကို အတင်းချုပ်ပြီးရည်းစားစကားပြောလိုက်သည့်ထယ်ယောင်းက ဘယ်ကသတ္တိတွေရသည်မသိ။ ဟိုကငြင်းတော့ အတင်းချုပ်နမ်းခဲ့ရင်းအဖြေပြန်ရခဲ့သည်ပြောသည်။ ပိုင်ချက်.....
နမ်းရုံလောက်နဲ့အဖြေပြန်ရခဲ့လို့သာ တော်တော့တယ်
အဲလောက်နဲ့မှမရရင် ကင်မ်ထယ်ယောင်းတို့ကပြောရတာမဟုတ်ဘူး 
အကြမ်းသွားကိုင်လို့ ၃၇၆နဲ့တိုင်ပတ်နေမှ သူပါထောင်ဝင်စာသွားတွေ့နေရဦးမယ်...

ခုတော့နှစ်ကောင်သား ချစ်ကြည်နူးတစ်တီတူးနေလေရဲ့.. 
အဆင်ပြေကြတာပဲကောင်းပါတယ်လေ မဟုတ်ရင် သူနဲ့နှုတ်ခမ်းထူးကဝဋ်တွေလည်နေမှဒုက္ခ..

ဒါပေမယ့် ထယ်ယောင်းကိုတော့သေချာမှာထားရသည် ဒီကိစ္စကိုနှုတ်ခမ်းထူကိုလျှို့ဝှက်ထားဖို့လိုသည်လေ။ ဒင်းက ရုပ်လေးပဲကြည့်ကောင်းတာ အကျင့်ကတစ်စက်ကလေးမှကောင်းတာမဟုတ်..
တော်ကြာ သိသွားရင် အရင်တခါလိုလိုက်ဖျက်နေဦးမယ်။ သူ့ဘာသာသူတစ်ယောက်တည်းလုပ်မှာလည်းမဟုတ်ဘူး သူ့ကိုပါ သေဖော်သေဖက်က လာညှိတတ်သေးတာမို့ ဒီတခေါက်တော့ သူ့သူငယ်ချင်းနှစ်ယောက်၏လမ်းကိုမပိတ်ဆို့ချင်တော့...
အချင်းချင်းချစ်နေကြသူတွေမလား နီးစပ်သင့်တယ်လေ...

"ဂျောင်ကု ဘာတွေအဲလောက်တွေးနေရတာလဲ မီခေါ်နေတာကြာပြီ

သူ့ဘေးကိုဝင်ထိုင်လာကာအသံပေးလာသူကို မော့မကြည့်လည်းဘယ်သူမှန်းသိသည်။ ဆေးရုံဆင်းပြီးနောက်ပိုင်း ထိုမိန်းကလေးက သူ့နားကို ယခင်ကထက်ပိုကပ်လာသည်၊ သူတစ်ခါသေချာပြောခဲ့ပြီးသားမို့ နောက်တခေါက်ထပ်ပြောဖို့ကျတော့လည်း မိန်းကလေးတစ်ယောက်ကိုအဲလောက်ကြီးကျ မကောင်း...
သူက အရိုင်းအစိုင်းလေးကင်မ်ဆော့ဂျင်မဟုတ်တော့လည်း ရည်ရည်မွန်မွန်ကောင်လေးဖြင့်သာ ခေါင်းညိမ့်ပြီးအသိမှတ်ပြုလိုက်သည်။

တဂျက်ဂျက်Where stories live. Discover now