ထန်း

414 72 22
                                    

"ဟို အမ အဲလောက်ကျ

"အမကိုမရှက်ပါနဲ့ နောက်ဆို ဒီထက်တောင်ပိုပြီး အိပ်ယာပေါ်ကအခန်းတွေတောင်ရိုက်ရမှာကို အမကအဲလိုဆိုပိုကြိုက်  ၊ ပရိတ်သတ်တွေကိုလည်းမပူနဲ့ သူတို့က အမကိုကျေးဇူးတောင်တင်နေဦးမှာရယ် ပြီးတော့ သူတို့မိသားစုဓာတ်ပုံအစားတောင်မှ မင်းတို့ပိုစတာကို အိမ်ဦးခန်းမှာချိတ်ထားနိုင်တယ်နော် ဟိဟိ

"ဒါပေမယ့် ချက်ချင်းကြီးကျ

"အမလေး ပရော်ဖက်ရှင်နယ်တွေအတွက် ဒီလောက်က အီးဇီးဘီးဇီးစကီးစီးပါ မုသွင်းလိုက်ရင်ရပါတယ် ဟုတ်တယ်မလား ဟင်

ဆော့ဂျင်တော့ ကိုယ့်အတက်ကိုယ်စူးပြီ ။ သူ့စကားနဲ့သူ့ကိုချုပ်လာတော့ ဘာမှမပြောတတ်တော့ ၊ အကူအညီများရလေမလားလို့ သူ့နောက်ကကောင်ကိုကြည့်လိုက်တော့လည်း မင်းပြောတာလေဆိုသည့်ပုံစံဖြင့်ကြည့်နေပြီး ဘေးကပတ်ခ်ဂျီမင်ကလည်း တစ်ကိုယ်လုံးနီရဲနေကာ ငြင်းဖို့တောင်သတိရပုံမရ...
ဟူးးး မတတ်နိုင်ဘူး မထူး နောက်လဲ အမပြောသလို ဒီထက်ဆိုးတာတွေလာဦးမှာကို လေ့ကျင့်ပြီးသားဖြစ်တာပေါ့

"စမယ်နော် ရပြီလား စမယ်

သူတို့ကိုအချိန်အနည်းငယ်ပေးပြီးနောက် စတင်ရိုက်ကူးတော့မည်ဖြစ်တာကြောင့် သူစိတ်ကိုအတတ်နိုင်ဆုံးလျှော့ချထားလိုက်သည်။ ဟူးးးး

မျက်ပြူးက သူ့နှုတ်ခမ်းကိုစိုက်ကြည့်နေကာ အရှေ့ကိုတဖြည်းဖြည်းချင်းတိုးလာပြီး မျက်ဝန်းတွေကပါမှေးစင်းလာသည်မို့ သူပါအယောင်ယောင်အမှားမှားဖြင့်မျက်လုံးကိုမှိတ်ချလိုက်မိသည်။ မကြာပါ သူ့နှုတ်ခမ်းပေါ်သို့ထိတွေ့လာသည့် နူးညံ့မှုသေးသေးလေး ။
သူ့ရင်ထဲတွင် ကျင်တက်သွားရသလို သူ့ခါးပေါ်ကလက်တစ်စုံလုံးကလည်းတင်းကျပ်သွားသည်။
နူးညံ့သထက်နူးညံ့လာသည် စက္ကန့်လက်တန်လေးတွေသွားနေသည်ကို သေချာကြားနေရသည်။
ဒီအထိအတွေ့က အသစ်အဆန််းဆန်လွန်းလှသည်မို့  သူသက်တန့်တွေကိုစီးနေရသလိုပင်။
တဖြည်းဖြည်းချင်း စိုစွတ်စွတ်လေးဖြစ်လာကာ အာငွေ့လေးတွေကိုခံစားလာရသည်မို့ မျက်လုံးနည်းနည်းလေးခိုးဖွင့်ကြည့်လိုက်တော့
 နှုတ်ခမ်းက မျက်ပြူးရဲ့နှုတ်ခမ်းတွေက ခပ်ဟဟလေးဖြစ်နေကာ နောက်တစ်ကြိမ်ထိကပ်ဖို့ပြင်လာတော့ သူစဉ်းစားနေတာ သူရော နှုတ်ခမ်းကဖွင့်ရမှာလား မဟုတ်ရင် ဆက်ပြီးပိတ်ထားရမှာလား

တဂျက်ဂျက်Where stories live. Discover now