တွမ်တိတူး

397 78 63
                                    

**ဝိုး ငါတို့သ‌ေင်္ဘာကြီးက သူတို့ဘာသာမောင်းတာဟေး

***ဟုတ်ပါ့ဟယ် ငါသေပြီ

***ငါလည်းရှင်ပါပြီဟယ် ဘဝထဲမှာ ငါလင်မရရင်နေပါစေ သူတို့နှစ်ယောက်ညားရင်ရပြီ

***ကျယ်မတို့လည်းတူတူပါပဲနော် ဆစ်တို့ရေ ကျယ်မတို့ကရှစ်ရုံလေးကို သူတို့ကညားနေပြီတဲ့လား စိတ်ဓာတ်ပဲ...

***မပြောဘူးနော် ဘယ်လောက်ကြာကြပြီလဲမသိဘူး ကွန်ဖန်းတော့မယ်ထင်ကြလား

***မပြောတတ်ဘူး အေဂျင်စီကတော့ လွယ်လွယ်ကွန်ဖန်းမယ်မထင်ဘူး ဒီလိုကိစ္စက ပုံမှန်အိုင်ဒေါတွေဆိုရင်တောင်မလွယ်တာ 

***ဖြစ်နိုင်တယ် သူတို့ကုမ္ဗဏီကမကွန်ဖန်းလည်း သူတို့နှစ်ယောက်ရဲ့ အကြည့်တွေနဲ့အပြုအမူတွေက ညားနေမှန်းသိသာတယ်

**** ဒါကတော့ သေချာတယ် ငါ့မှာရင်မရှိပေမယ့် ကင်မ်ဆော့ဂျင်မှာလင်နဲ့...

ဟွန်းဟွန်း...
ရိုက်ကူးလက်စကားကပြီးသွားပြန်ပြီမို့ ဂျောင်ကုတစ်ယောက်တည်းအခန်းထဲတွင်နေရင်းဆိုရှယ်သုံးနေတာဖြစ်သည်။ အပေါ်ဆွဲဆွဲ အောက်ဆွဲဆွဲ သူနဲ့နှုတ်ခမ်းထူပုံတွေသာတက်လာနေသည်...
ဗီဒီယိုအတိုလေးတွေနဲ့အတူ သူတို့နှစ်ယောက်ကဘာလိုလိုညာလိုလိုဟု ပရိသတ်တွေကယူဆနေကြကာ သူနှုတ်ခမ်းထူရဲ့ခြေသလုံးကိုအာငွေ့ပေးလိုက်တာကလည်း behind the scene အနေနဲ့ထွက်လာတာကြောင့်ပိုပြီးပွဲဆူနေကြသည်။ သူဘာရယ်မဟုတ် ကွန့်မန့်တွေလိုက်ဖတ်ရင်း ရယ်လိုက်မိသည်။
သူကဖြင့် ဒီတိုင်း ဘာရယ်မဟုတ်ပဲအာငွေ့ပေးရုံပါ...
သူတို့ပြောနေသလို နမ်းတာမှမဟုတ်ပဲ...
ဒီတိုင်း ဒီတိုင်းလေး နှုတ်ခမ်းနဲ့ထိသွားလားဆိုတော့ နည်းနည်းပေါ့...
အနံ့ခံကြည့်တာပါ ဒီကောင့်ခြေထောက်ကနံလားမနံလားသိချင်လို့...
ပြီးရင် ရန်ဖြစ်တဲ့အချိန်ကျ နိုင်ကွက်ရအောင်လေ...

ဒါပေမယ့် နည်းနည်းလေးမှမနံဘူးဖြစ်နေလို့ သူ့မှာသေချာအောင် သုံးခါပြန်အနံ့ခံကြည့်လိုက်ရုံပါ နမ်းတာမဟုတ်ရပါဘူး..
အစွပ်စွဲခံရတာပါ မတရားခံနေရတာပါ ....

"အ

ထယ်ယောင်း ဂျောင်ကုအခန်းထဲရောက်နေတာကြာပြီ။ သူဝင်လာကတည်းက ဂျောင်ကုတစ်ယောက် ဖုန်းကိုကြည့်ပြီး စပ်ဖြီးဖြီးလုပ်နေသည်မို့ အသံမပေးပဲဆက်ကြည့်နေတာ.. အမယ် သူက တစ်ယောက်တည်းသရုပ်ဆောင်ကျင့်နေသလို ဖြီးသွားလိုက် မဲ့လိုက်နှင့်ပင်။ သူဆက်မကြည့်နိုင်တော့လို့ ခေါင်းအုံးနဲ့ကောက်ထုလိုက်မှ သူ့ကိုကြည့်လာသည်...

တဂျက်ဂျက်Opowieści tętniące życiem. Odkryj je teraz