Zarni Naing's Point of View

3.4K 160 8
                                    

(Unicode Version)

'ဇာနည်နိုင်'ဆိုတဲ့ ကျွန်တော်က သာမန်မိသားစုကနေ ဆင်းသက်လာတဲ့သူ။ ကျွန်တော့်ဖေဖေ ဦးရဲထင်က အစိုးရဝန်ထမ်းကျောင်းဆရာ၊ မေမေကတော့ အိမ်ရှင်မတစ်ဦးပေါ့။

အတော်အသင့်စားသောက်နိုင်ရုံ ဘဝမျိုးမှာ ကျွန်တော်က နေပျော်ခဲ့ပေမဲ့ မေမေက ကျွန်တော့်အတွေးနဲ့ မတူညီခဲ့ပါဘူး။ ယောက်ျားတစ်ယောက်ကို မှီခိုပြီး စားသောက်နေရတဲ့ အိမ်ရှင်မဘဝ၊ ထူးချွန်တဲ့ ဉာဏ်ရည်တွေကို အလဟဿဖြုန်းတီးနေရတဲ့ ဘဝမျိုးမှာ မနေချင်တာမျိုး။

နိုင်ငံခြားကို ပညာတော်သင်ထွက်ခါနီးမှ ကိုယ်ဝန်ရပြီး စီစဉ်ထားသမျှ အကုန်ပျက်စီးသွားခဲ့တာလေ။ ကျွန်တော် (၈)နှစ်သားလောက်မှာ မေမေ့အတွက် အခွင့်အရေးထပ်ရလာခဲ့တယ်။ ကျွန်တော်ကလည်း လက်လွှတ်လို့ ရနေပြီဆိုတော့ ဒီတစ်ခါ သေချာပေါက်သွားရမယ်လို့ မေမေက ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဖေဖေက ခွင့်မပြုခဲ့ပါဘူး။

'အိမ်ရှင်မ' မရှိတဲ့ အိမ်က ဇရပ်သာသာပဲတဲ့။ ကျွန်တော့်ကို ထိန်းကျောင်းပေးဖို့ မိခင်ဆိုတာ လိုအပ်တယ်တဲ့လေ။ အဲဒီတော့ မေမေက ဖေဖေ့ကို သူနဲ့ အတူလိုက်ခဲ့ဖို့ ခေါ်တယ်။ ဟိုမှာ အလုပ်လုပ်ရင်လည်း ရတာပဲဆိုပြီးတော့ပေါ့။

ဖြစ်ချင်တော့ ဖေဖေကလည်း ကျောင်းအုပ်ရာထူးလျှောက်ထားတာက ရဖို့ အခွင့်အရေးများနေတဲ့အချိန်နဲ့ တိုးသွားလေရဲ့။ ဝါသနာပါတဲ့အလုပ်မှာ တိုးတက်ဖို့ လမ်းစမြင်နေရပြီမို့ မေမေနဲ့အတူ လိုက်သွားပြီး တခြားအလုပ်တစ်ခုကို ဘယ်ပြောင်းချင်ပါ့မလဲ။

အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက်က အမြဲလိုလို ပြဿနာဖြစ်ခဲ့ကြတယ်။ ‌ဖေဖေ့ဘက်ကလည်း လက်မလျှော့ချင်သလို မေမေကလည်း လက်လျှော့ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ တင်းမာလာတဲ့ အခြေအနေတွေရဲ့အဆုံးသတ်မှာ သူတို့ ကွာရှင်းဖြစ်ခဲ့ကြတယ်။ မေမေက သူ့တက်လမ်းအတွက် နိုင်ငံခြားကို ထွက်သွားပြီး ကျွန်တော်က ဖေဖေနဲ့ ကျန်နေခဲ့ရတယ်ဆိုပါတော့။

ဖေဖေနဲ့ မေမေက တစ်ယောက်ကို တစ်ယောက် တအားချစ်လို့ ဘွဲ့မရခင် လက်ထပ်ခဲ့ကြတာတဲ့။ ဒါပေမဲ့ တကယ်တမ်း ဘဝနဲ့ ယှဉ်ပြီး ရွေးချယ်ရတဲ့အချိန်မှာ အဲဒီအချစ်က ချောင်ထိုးခံလိုက်ရတာပါပဲ။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now