🌹21🌹

11.5K 1.1K 52
                                    

(Unicode Version)

ဒီနေ့က ကျွန်တော့်အိမ်မှာ ဇာနည်နိုင် စာလာသင်မဲ့ ပထမဆုံးနေ့ပေါ့။ အဲဒါကြောင့် သူ့ကို ကြိုဖို့ ကျွန်တော် အစောကြီးကတည်းက နိုးပြီး ပြင်ဆင်နေခဲ့မိတယ်။

ကျွန်တော့်မှာ စွဲစွဲမြဲမြဲခင်ဖူးတဲ့ သူငယ်ချင်းဆိုလို့ သူပဲ ရှိတာလေ။ ထုတ်မပြောဖြစ်ရင်သာ နေမယ်၊ သူ့ကို တခြားသူငယ်ချင်းတွေထက် ကျွန်တော် အများကြီးပိုခင်ပါတယ်။

'ငါ့အိမ်ကို သူ ရှာတွေ့ပါ့မလား။ လမ်းထိပ်မှာ ထွက်စောင့်နေရင် ကောင်းမယ် ထင်တယ်။'

လေသာဆောင်ကနေ သူ့အလာကို စောင့်နေတုန်း ခြံရှေ့နားက ပုံရိပ်တစ်ခုကို ကျွန်တော် လှမ်းမြင်လိုက်ရတယ်။ အဲဒီပုံရိပ်ကို မြင်မြင်ချင်းပဲ အောက်ထပ်ကို ကျွန်တော် အမြန်ဆုံးပြေးဆင်းပြီး ခြံတံခါးကို သွားဖွင့်မိလေရဲ့။

"အစ်ကိုလေး... ဘာဖြစ်လို့လဲ။"

ခြံတံခါးစောင့်တဲ့ ဦးလေးမြင့်က ကျွန်တော့်ကို ကြည့်ပြီး အံ့အားသင့်သွားပုံပါပဲ။ အမှန်ဆို ကိုယ်တိုင်ဆင်းလာစရာမှ မလိုတာ။

ဦးလေးမြင့်ကို လှမ်းပြောပြီးတော့ တံခါးဖွင့်ခိုင်းလိုက်ရင် ရတာပဲလေ။ အဲဒါကို မတွေးမိလောက်အောင် စိတ်လောသွားတာ နေမယ်။

"ဘာမှမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်း ရောက်လာလို့ တံခါးလာဖွင့်ပေးတာ။"

"ဘဲလ်သံလည်း မကြားလိုက်ပါလား။"

"သူက အိမ်ရှေ့မှာ ရောက်နေပြီ။ ကျွန်တော် အပေါ်ထပ်ကနေ လှမ်းမြင်လိုက်တယ်။"

"ဦးလေးကို လှမ်းပြောလိုက်ရောပေါ့ကွယ်။"

အမြန်ဆင်းပြေးလာခဲ့မိလို့ မောရတဲ့ကြားထဲမှာ ဖြေရှင်းချက်က ပေးနေရသေး။

"ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ ဖွင့်လိုက်တော့မယ်။"

ဦးလေးမြင့်နဲ့ လေကြောဖြတ်ပြီး ခြံတံခါးကို ကျွန်တော် အမြန်ဖွင့်လိုက်မိတယ်။

"ဇာနည်နိုင်..."

ခြံရှေ့မှာ ယောင်လည်လည်ဖြစ်နေတဲ့ သူက ကျွန်တော့်အသံကို ကြားပြီး လှည့်ကြည့်လာတာပေါ့။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now