🌹20🌹

12.1K 1.1K 27
                                    

(Unicode Version)

ဇာနည်နိုင်က ကျွန်တော့်ကို အနီးအနားမှာ ရှိတဲ့ ဆူရှီဆိုင်ဆီ ခေါ်သွားခဲ့တယ်။ ကျွန်တော် စိတ်မကြည်တာကို သူလည်း ရိပ်မိမှာပေါ့။

အဲဒါကြောင့် ကျွန်တော် အာရုံပြောင်းသွားအောင် စကားလမ်းကြောင်းလွှဲပေးလေရဲ့။

"မင်းက ဆယ်တန်းအတွက် ဘယ်ကျူရှင်မှာ တက်မှာလဲ။"

"ငါ့အဖေက တက္ကသိုလ်က ပါမောက္ခတွေကို အိမ်မှာ ခေါ်သင်ပေးတာ။"

သူက မိနစ်ပိုင်းလောက် စဉ်းစားပြီးမှ ထပ်မေးလာပြန်တယ်။

"ငါလည်း မင်းနဲ့ အတူလာတက်ချင်တယ်။ မင်းအဖေကို ပြောကြည့်ပေးပါလား။"

သူ့အကြံအစည်ကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမဲ့ ဖေဖေက လက်ခံပါ့မလား။

ဖေဖေက လူများရင် ကျွန်တော် အာရုံများမှာစိုးလို့ အိမ်မှာ ဆရာတွေကို ခေါ်သင်ပေးထားတာလေ။ တကယ်လို့ သူငယ်ချင်းကို ခေါ်ခွင့်ပြုတယ်ပဲ ထားပါဦး။

အဲဒီလူက ကျွန်တော်နဲ့ ပြဿနာတက်ခဲ့ဖူးတဲ့ ဇာနည်နိုင်မှန်း သိသွားရင်ရော ဖေဖေက ခွင့်ပြုနိုင်ပါ့မလား။

"ပြောကြည့်ပေးမယ်မလား။"

နောက်ဆုံးတော့ အားကိုးတကြီးတောင်းဆိုနေတဲ့ သူ့ကို ကျွန်တော် မငြင်းရက်ခဲ့ပါဘူး။ မလွယ်ကူပေမဲ့ ကြိုးစားကြည့်ရမှာပေါ့။

"ကောင်းပြီလေ။ ငါ ဖေဖေ့ကို ပြောကြည့်ပါ့မယ်။"

"တစ်ခါလောက်ပဲ ခွင့်တောင်းကြည့်လိုက်။ မရရင် ဆက်မပြောနဲ့တော့။ ငါ့ကြောင့် မင်းတို့သားအဖကို ပြဿနာမဖြစ်စေချင်ဘူး။"

သူ့စိတ်က တစ်ခါတလေကျရင် ရင့်ကျက်တယ်၊ တစ်ခါတလေ ကလေးဆန်တယ်။ ပုံသေသတ်မှတ်လို့ မရတဲ့အမျိုးအစားပဲ။

သေချာတာက ကျွန်တော့်အတွက် ဒုက္ခဖြစ်စေမဲ့ကိစ္စတွေကိုတော့ တတ်နိုင်သလောက် ရှောင်ပေးရှာပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်ကလည်း သူနဲ့ စာအတူသင်ချင်နေတာပဲလေ။

ညနေ (၆)နာရီခွဲလောက်မှာ သူနဲ့ လမ်းခွဲပြီး အိမ်ကို ပြန်လာခဲ့ပေမဲ့ ဖေဖေက ကျွန်တော့်ထက်အရင် ကြိုရောက်နေပါလေရော။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now