🌹3🌹

15.7K 1.4K 21
                                    

(Unicode Version)

ကျောင်းစတက်ပြီး ဒုတိယမြောက်နေ့မှာ ကျွန်တော် စာကြည့်တိုက်ကို သွားရှာခဲ့မိတယ်။ သိပ်တော့ မရှာလိုက်ရပါဘူး။

စာကြည့်တိုက်က ဆယ်တန်းဆောင်ရဲ့အပေါ်ဆုံးထပ်မှာလေ။ ကျွန်တော်တို့နဲ့ နီးနီးလေးပါပဲ။

ထမင်းစားပြီးရင် ဒီမှာ စာလာကျက်လို့ ရသွားတာပေါ့။ အခန်းထဲမှာဆို ဟိုကောင့်သူငယ်ချင်းတွေက တစ်ယောက်ပြီးတစ်ယောက် ရောက်လာဦးမှာ။

ပြီးတော့ တိုးတိုးတိတ်တိတ်လည်း မနေကြဘူး။ နီးနီးလေးကို အော်ဟစ်ပြီး ပြောဆိုနေကြတာ။

အဲဒါကြောင့် ဒီစာကြည့်တိုက်က ကျွန်‌တော့်အတွက် အသင့်တော်ဆုံးပဲ။

'စာကြည့်တိုက်က ငါ့ရဲ့အေးချမ်းရာလေးပါလား။'

အတွေးနဲ့တင် ကြည်နူးစရာကောင်းနေရော။ ဟိုကောင့်မျက်နှာကို ခဏပဲဖြစ်ဖြစ် မမြင်ရလည်း ခဏစိတ်ချမ်းသာရာရနိုင်တာပဲ။

ကျေနပ်ပီတိအပြည့်နဲ့ ကျွန်‌တော် ပြန်လာချိန်မှာ ဆယ်တန်းဆောင်ရဲ့ထောင့်ချိုးနားကနေ အသံတစ်သံကို ကြားလိုက်ရတယ်။

"ဒီမေးခွန်းက ကျွန်တော့်ကို မယုံတဲ့သဘောလား။"

သူများကိုယ်ရေးကိုယ်တာကို စွက်ဖက်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအသံကြီးကို တော်တော့်ကို ရင်းနှီး‌နေတာ။

အဲဒါကြောင့် ကျွန်တော် ထင်ထားတဲ့အတိုင်း ဟုတ်မဟုတ် ချောင်းကြည့်မိတော့တာပေါ့။ သေချာပါတယ်... ဟိုကောင်မှ ဟိုကောင်အစစ်။

သူနဲ့ စကားပြောနေတာက ဆယ်တန်းအစ်မကြီးထင်တယ်။ ချောတော့ တော်တော်ချောတယ်။

"မမက မောင့်ကို အရမ်းချစ်တော့ သ၀န်တိုပြီး မေးကြည့်မိတာပါ... မောင်ရယ်။ စိတ်မဆိုးပါနဲ့တော့နော်။"

မိန်းကလေးဘက်က ခခယယဝောာင်းပန်နေတာ‌တောင် ဟိုကောင့်ရုပ်က ပေါ့ပျက်ပျက်နဲ့ပါလား။

"တော်ပါတော့ဗျာ။ ကျွန်တော့်ကို မယုံကြည်တဲ့သူနဲ့ စကားဆက်ပြောချင်စိတ် မရှိတော့ဘူး။ ဒီမှာတင် လမ်းခွဲကြရအောင်။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Hikayelerin yaşadığı yer. Şimdi keşfedin