🌹48🌹

13.3K 1K 48
                                    

(Unicode Version)

နောက်တစ်ပတ်နေတော့ တရားရုံးက ဖေဖေ့ကို ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တယ်။ အဲဒါက ကျွန်တော့်ကို ကားနဲ့ တိုက်မိခဲ့တဲ့အတွက် ပြစ်ဒဏ်သက်သက်ပါပဲ။

အခွန်ရှောင်တာနဲ့ မှောင်ခိုလုပ်ငန်းအတွက် သက်သေတွေကိုတော့ ဇာနည်နိုင်က မီးရှို့ဖျက်ဆီးပစ်လိုက်လေရဲ့။ အဲဒါတွေသာ ပေါ်သွားရင် ကျွန်တော်ပါ ထိခိုက်မှာ စိုးလို့တဲ့။

နောက်ဆုံးတရားခွင်ကို ကျွန်တော် သွားချင်ပေမဲ့ ဖေဖေက ဒေါ်ကြီးမိုးကနေတစ်ဆင့် မလာဖို့ တားခဲ့တယ်။ ထောင်ဝင်စာလည်း လာမတွေ့ခိုင်းဘူးလေ။

ကျွန်တော်လည်း ဖေဖေ့ဆန္ဒအတိုင်း နေပေးခဲ့ရတာပေါ့။ အဲဒီနောက်ပိုင်းမှာ အခြေအနေတွေက ငြိမ်ကျသွားတယ်။

ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးက အရင်ကထက်တော့ ပိုတိုးတက်လာတယ်လို့ ဆိုရမှာပဲ။ သူက ကျွန်တော့်ဆန္ဒကို အမြဲဦးစားပေးသလို ကျွန်တော်ကလည်း သူ့ကို ဂရုတစိုက်ရှိလာခဲ့တယ်။

အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြင်လို့ မရနိုင်ပေမဲ့ အချိန်နဲ့အမျှ မှေးမှိန်သွားမှာပါ။ ကျွန်တော်တို့က အရင်လို စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့အသက်အရွယ်မှ မဟုတ်တော့တာ။

အိမ်ထောင်ရေးဆိုတာကလည်း အချစ်ထက် တစ်ဦးအပေါ်တစ်ဦး နားလည်ပေးမှုကို ပိုလိုအပ်တယ်လေ။ သူ့အချစ်ကို မယုံရင်‌တောင်မှ၊ သူ့ကို ချစ်မချစ် မသေချာရင်တောင်မှ ဒီအိမ်ထောင်ရေးမပျက်စီးအောင်လို့ ဆက်ပြီးထိန်းသိမ်းသွားရမှာ။

"Ring... Ring... Ring..."

Designပိုင်းဆိုင်ရာစာအုပ်တွေကို လေ့လာနေတုန်းမှာ ဖုန်းဝင်လာလို့ ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။ နံပါတ်ကတော့ တစ်ခါမှ မမြင်ဖူးတဲ့ နံပါတ်ပါပဲ။

"ဟယ်လို။"

တစ်ဖက်ကလည်း မဆိုင်းမတွပြန်ဖြေပေးခဲ့တယ်။

"ဦးက... ဦးရဲထင်ပါ။"

ကျောင်းအုပ်ကြီးက လှမ်းဆက်သွယ်တာဆိုတော့ အရေးကြီးကိစ္စတစ်ခုခုရှိလို့ ဖြစ်မယ်။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now