🌹23🌹

11.1K 1K 14
                                    

(Unicode Version)

ဇာနည်နိုင်က ကျွန်တော့်ကို အဖော်ပြုဖို့ ကျူရှင်ချိန်မစခင် တစ်နာရီလောက်အလိုမှာ ကြိုရောက်လာတတ်တယ်။ စာသင်ပြီးရင်လည်း သုံးနာရီလောက်ကြာတဲ့အထိ ဆက်နေတတ်သေးတယ်။

အဲဒီလိုပုံစံမျိုးနဲ့ နေသားကျသွားတော့ သူက ကျွန်တော့်အတွက် မိသားစုဝင်လို ဖြစ်လာခဲ့တာပေါ့။ ဖေဖေနဲ့ အတူနေရတဲ့အချိန်က သူနဲ့ အတူနေရတဲ့အချိန်ရဲ့တစ်ဝက်စာလောက်ပဲ ရှိမှာ။

"မင်း မွေးနေ့တောင် ရောက်တော့မယ်နော်။"

ကျွန်တော့်မွေ့ရာပေါ်မှာ လှဲရင်းနဲ့ သူက ဘာစိတ်ကူးပေါက်သွားမှန်း မသိပါဘူး။ မွေးနေ့အကြောင်းကို စိတ်ဝင်တစားမေးလာတယ်။

"အင်း... မေလ ၈ရက်နေ့လေ။"

"မွေးနေ့ပွဲရော လုပ်မှာလား။"

"နှစ်တိုင်းတော့ အဖေက သူ့အသိမိတ်ဆွေတွေကို ဖိတ်ပြီး ပါတီပွဲလုပ်ပေးတာပဲ။"

"မင်းမွေးနေ့ကို သူ့အသိမိတ်ဆွေတွေ ဖိတ်မှတော့ ဘယ်လိုလုပ်ပျော်စရာကောင်းမှာလဲ။ မင်းသူငယ်ချင်းတွေရော မပါဘူးလား။"

"ငါ့မှာက ငယ်ငယ်ကတည်းက သူငယ်ချင်း သိပ်မရှိဘူး။ ဘေးခုံမှာထိုင်တဲ့ သူငယ်ချင်းလောက်ပဲ ရှိတာ။"

"မင်းဘ၀ကြီးကလည်း ပျင်းဖို့ကောင်းလိုက်တာ။ ဒီလိုဘ၀မျိုးကို ဘယ်လိုများ သည်းခံပြီး နေလာခဲ့တာလဲ။"

"ငါ့အတွက်က နေသားကျသွားပါပြီ။ တစ်ယောက်တည်းလည်း နေတတ်တယ်။"

"အခုရော..."

"ဘာကို မေးတာလဲ။"

"အခု မင်းအနားမှာ ငါ မရှိရင်ရော အရင်လိုမျိုး နေတတ်ပါဦးမလား။"

ဒီမေးခွန်းကို ကျွန်တော် တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ဘာလို့လဲ။

သူက ကျွန်တော့်အနားမှာ အမြဲတမ်းအတူရှိနေလိမ့်မယ်လို့ ယုံကြည်ထားမိတာလား။
ဒါမှမဟုတ် သူ မရှိလည်း နေလို့ဖြစ်တယ်ဆိုပြီး ခေါင်းထဲမှာ ထည့်မထားတာမျိုးလား။

သေချာတာတော့ သူသာ မရှိတော့ရင်ဆိုတဲ့ အတွေးကို ကျွန်တော် မတွေးကြည့်ချင်ဘူး။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now