🌹32🌹

11.5K 1K 77
                                    

(Unicode Version)

မျက်စိတစ်မှိတ်အတွင်းမှာပဲ ခုနစ်လတာ အချိန်ကာလတစ်ခုက ကုန်ဆုံးသွားလေရဲ့။ ကျွန်တော်တို့လည်း ဘဝရဲ့အလှည့်အပြောင်းဖြစ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဖြေဆိုရတော့မယ်လေ။

"စာမေးပွဲကြီးပြီးသွားရင် ငါတို့ အခုလိုမျိုး ‌နေ့တိုင်းတွေ့ဖြစ်မှာ မဟုတ်တော့ဘူးနော်။"

သူ့စကားကို ကြားတော့ သင်္ချာတွက်နေရင်းနဲ့ ကျွန်တော့်လက်က တုံ့ခနဲရပ်သွားမိတယ်။ သူနဲ့ နေ့တိုင်းမတွေ့ရတော့ဘူးဆိုတဲ့ အသိက ကျွန်တော့်ကို အတော်လေးတုန်လှုပ်သွားစေခဲ့တာ။

ဒါပေမဲ့ ထုံးစံအတိုင်း ဟန်ဆောင်ထားရုံပေါ့။

"ဖုန်းလှမ်းဆက်လို့ရတာပဲ။"

"ငါက မင်းနဲ့ အပြင်မှာ လွတ်လွတ်လပ်လပ် တွေ့ချင်တာ။ ဒါပေမဲ့ မင်းက အပြင်ထွက်ခွင့်ရဖို့ သိပ်မလွယ်လောက်ဘူးလေ။"

"ငါ့အိမ်ကို လာလည်‌ပေါ့။"

"မင်းအဖေက ငါ့ကို သိပ်ကြည်တာမှ မဟုတ်တာ။"

သူ ပြောတာ မမှားပါဘူး။ ဖေဖေက သူ့ကို သိပ်မကြည်ဖြူမှန်း ကျွန်တော်လည်း ရိပ်မိတယ်။

"တက္ကသိုလ်ရောက်ရင် တွေ့ရမှာပေါ့ကွာ။"

"တက္ကသိုလ်ရောက်ဖို့က လတွေ အများကြီးစောင့်ရဦးမှာ။ အဲဒီအချိန်အတွင်း ငါ လွမ်းလွန်းလို့ သေရလိမ့်မယ်။"

ပြောနေပုံကို ကြည့်စမ်းပါဦး။ မသိရင် ကျွန်တော်တို့နှစ်ယောက်က ချိန်းတွေ့နေကြသလိုလို ဘာလိုလိုနဲ့။

"အဲဒါဆို ငါက ဘယ်လိုလုပ်ပေးရမှာလဲ။"

"စာမေးပွဲဖြေပြီးတာနဲ့ ငါနဲ့အတူ ခိုးရာလိုက်ခဲ့‌လေ။"

"သေလိုက်ပါလား။"

"အတည်ပြောနေတာ။ ငါ မင်းနဲ့ ခဏလေးတောင်ခွဲမနေချင်ဘူး။"

ယောက်ျားလေးသူငယ်ချင်းတွေက အချင်းချင်း အခုလိုပဲ ပြောတတ်ကြလား။ ကျွန်တော့်မှာ သူငယ်ချင်းများများစားစား မရှိပေမဲ့ ဒီလိုပြောတာမျိုးကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now