🌹39🌹

12.5K 1K 40
                                    

(Unicode Version)

မနက်ခင်းကို ကြိုနေကြတဲ့ ကျေးငှက်လေးတွေရဲ့တေးဆိုသံနဲ့အတူ ကျွန်တော် အိပ်ရာကနေ သာသာယာယာနိုးထလာခဲ့တယ်။ ဒါပေမဲ့ အဲဒီသာယာအေးချမ်းမှုက မျက်လုံးနှစ်ဖက်ပွင့်ပြီး အသိစိတ်ဝင်လာချိန်မှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေရဲ့။

အမြင်အာရုံထဲကို ပထမဆုံးဝင်ရောက်လာတာက အဝတ်အစားမပါဘဲ ကျွန်‌တော့်ကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားတဲ့ ဇာနည်နိုင့်ကိုပေါ့။ သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။

ကျွန်တော့်မှာလည်း အဝတ်အစားမှ မရှိတာ။ ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်အောက်ပိုင်းမှာ နာကျင်မှုတစ်မျိုးကို ခံစားလိုက်ရတယ်။

ဒီလိုကိစ္စမျိုးမှာ အတွေ့အကြုံလုံးဝမရှိပေမဲ့ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်မို့ အခြေအနေကို ကျွန်တော် ရိပ်မိသွားပြီလေ။

"ဟေ့ကောင်... ထစမ်း။"

ကျွန်တော် ဒေါသတကြီးလှုပ်နှိုးလိုက်တော့ သူက နိုးလာပါလေရော။

"အစောကြီးနိုးနေတာလား။ ပင်ပန်း‌နေမဲ့ဟာကို အိပ်ရေးဝအောင် အိပ်ဦးလေ။"

ပြဿနာရှာဖို့ နှိုးတဲ့သူကိုတောင် ပြန်အိပ်ဖို့တိုက်တွန်းနေသေးတာ။မျက်နှာပြောင်တိုက်နိုင်စွမ်းကတော့ ပေါ့သေးသေးမဟုတ်ဘူးပဲ။

"ဟေ့ကောင်... ဇာနည်နိုင်... မနေ့ညက ငါတို့ ဘာဖြစ်ခဲ့တာလဲ။"

ကျွန်တော် မေးလိုက်ချိန်မှာ သူက အောင်နိုင်သူအပြုံးနဲ့ ပြန်ဖြေလေရဲ့။

"မနေ့ညက မင်းရဲ့အချစ်တွေကို ဖွင့်ပြောပြီးတော့ ကိုယ်တို့ရဲ့မင်္ဂလာဦးညလေးကို အတူဖြတ်သန်းခဲ့ကြတာ။"

မဖြစ်နိုင်ဘူးလို့ ငြင်းပစ်လိုက်ချင်ပေမဲ့ ညက အဖြစ်အပျက်တွေက ခေါင်းထဲမှာ တရိပ်ရိပ်ပေါ်လာသလိုပါပဲ။ ချစ်ကြောင်း ဖွင့်ပြောခဲ့မိတာတွေ၊ ပြင်းပြတဲ့ ရမ္မက်တွေနဲ့ တစ်ညတာကို အတူဖြတ်သန်းခဲ့ကြတာတွေက အိပ်မက်မှ မဟုတ်ခဲ့တာ။

"ပြန်မှတ်မိသွားပြီမလား။"

အထက်စီးဆန်တဲ့ မျက်နှာထားနဲ့ လာကြည့်နေတဲ့ သူ့ကို ကျွန်တော် ဆွဲထိုးပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က စမှားခဲ့မိတာမို့ စကားစစ်ထိုးရုံကလွဲပြီး မတတ်နိုင်ခဲ့ပါဘူး။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Wo Geschichten leben. Entdecke jetzt