🌹8🌹

13.1K 1.2K 8
                                    

(Unicode Version)

ပိတ်ရက်နှစ်ရက်ကို သည်းခံဖြတ်သန်းပြီးချိန်မှာ ကျွန်တော် မျှော်နေတဲ့ တနင်္လာနေ့ကို ရောက်ရှိလာခဲ့တယ်။ ပျော်လွန်းလို့ မျှော်နေတာတော့ ဘယ်ဟုတ်ပါ့မလဲ။

ဒေါသမီးတွေ တောက်လောင်ပြီး လူသတ်ချင်စိတ်အပြည့်နဲ့ မျှော်နေခဲ့ရတာပါ။

"ဟိုကောင် ဇာနည်နိုင် မရောက်သေးဘူးလား။"

အခန်းထဲ ရောက်ရောက်ချင်း ကျွန်တော်က ဒေါသတကြီးမေးချလိုက်တော့ ထက်မြက်အောင်ခမျာ လန့်ဖျပ်သွားပုံပါပဲ။

"မ... ရောက်သေးဘူး။ ဘာဖြစ်လို့လဲ။"

"အဲ့ကောင်နဲ့ ငါ စာရင်းရှင်းစရာရှိလို့။"

ကျက်သရေတုံးကောင် ရောက်လာမဲ့အချိန်ကို ကျွန်‌တော် စိတ်မရှည်လက်မရှည်နဲ့ ထပ်စောင့်ရပြန်ရော။ ဒါပေမဲ့ အဲဒီကောင်က နိုင်ငံတော်သီချင်းဆိုပြီးသွားတဲ့အထိ ရောက်မလာသေးဘူးလေ။

ခဏကြာတော့ အတန်းပိုင်ဆရာမက အခန်းထဲကို ဝင်လာတယ်။ ဆရာမရဲ့အနောက်ဘက်ကနေ စာအုပ်တွေ ဝိုင်းသယ်ပေးပြီး လူလိမ္မာလိုမျိုး ကပ်ပါလာတာက ကျွန်တော့်ရဲ့ကျက်သရေတုံးကောင်ပေါ့။

ကြောင်သူတော်ကောင်ကို ချက်ချင်းဆွဲထိုးပစ်လိုက်ချင်ပေမဲ့ အချိန်ကောင်းမဟုတ်သေးလို့ ကျွန်တော် သည်းခံပြီး နေခဲ့ရတာ။

'အတန်းချိန်ပြီးမှ နုပ်နုပ်စဉ်းပစ်ရမယ်။'

ခက်တာက အဲဒီကောင်က အတန်းချိန်ပြီးရင် လှစ်ခနဲပျောက်သွားပြီး ဆရာမ ၀င်မှ ဖတ်ခနဲပြန်ပေါ်လာလေရဲ့။ ကျွန်တော် ဖမ်းမမိအောင် တမင်ပတ်ပြေးနေပုံပဲ။

"သူရ... ဟိုကောင် ဘယ်ရောက်သွားလဲ။"

စောင့်ရင်းနဲ့ သည်းခံနိုင်စွမ်းမရှိတော့လို့ ပေါ်တော်မူကျက်သရေတုံးကောင်ရဲ့သူငယ်ချင်းကို ကျွန်တော် သွားမေးလိုက်မိတယ်။

"ငါလည်း မသိဘူး။ သူ ဒီနေ့ ဘယ်ကို ထွက်ထွက်သွားမှန်းကို မသိတာ။"

အဲဒါကြောင့် ကိုယ်တိုင်လိုက်ရှာပြီး အရေခွံနွှာပစ်ဖို့ ဆုံးဖြတ်ခဲ့ရတာပေါ့။ ဒါပေမဲ့ တစ်ကျောင်းလုံးအနှံ့ လိုက်ရှာတာတောင် သူ့ကို ဖမ်းမမိပါဘူး။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now