🌹4🌹

14.7K 1.3K 35
                                    

(Unicode Version)

ကျက်သရေတုံးကောင်ရဲ့ကောင်းမှုကြောင့် ကျွန်‌တော် ရုံးခန်းကို ရောက်သွားခဲ့တယ်။ သူကတော့ အပြုံးမပျက်ဘဲ ထုံးစံအတိုင်း စပ်ဖြဲဖြဲပါပဲ။

"ပြဿနာထပ်ဖြစ်လာပြန်ပြီလား။"

အဲဒီကောင်က ပြဿနာခဏခဏဖြစ်တတ်လို့ နေမယ်။ ကျောင်းအုပ်ကတောင် သူ့ကို သေချာမှတ်မိနေပြီ။

"ဒီတစ်ခါတော့ ကျွန်တော်က ခံရသူပါဗျာ။ ကြည့်ပါဦး။ ကျွန်တော့်မျက်နှာကို သူ ထိုးချလိုက်တာ။ ရောင်ကိုင်းပြီး အထိ‌တောင် မခံနိုင်တော့ဘူး။"

ကလိမ်စေ့ငြမ်းဆင်နေတဲ့ကောင်ကို ကျွန်တော် စိတ်ရှိလက်ရှိထပ်ထိုးပစ်လိုက်ချင်တာ။ ကျောင်းအုပ်ကြီးသာ မရှိရင် ဒီနေရာမှာတင် အပြတ်ရှင်းမိလောက်တယ်။

"ပြဿနာမရှာနဲ့။ ဒီနေရာမှာ လက်မှတ်ထိုးပြီးရင် ထွက်သွားတော့။"

ကျောင်းအုပ်ကြီးကလည်း သူ့အကြောင်းကို သိထားပုံရတယ်။ အင်းလေ... သူက ရုံးခန်းရဲ့ဖောက်သည်ကြီးပဲဟာ။

"မိဘမခေါ်တော့ဘူးလားခင်ဗျ။"

ဒီမိကျောင်းမသားက တော်တော်လျှာရှည်တာပဲ။ ကိုယ့်ဘာသာကိုယ် လက်မှတ်ထိုးပြီး ထွက်သွားရင် ပြီးနေတာကို။

ဘယ်မိဘကို ခေါ်စေချင်နေတာလဲဟ။

"လက်မှတ်ထိုးဆို ထိုးလိုက်။ စကားအပိုတွေ မပြောရစေနဲ့။"

ကျောင်းအုပ်နေရာမှာ ကျွန်တော်သာဆို သူ့ကို နားရင်းကြီးပဲ အုပ်ပစ်လိုက်မှာ။

"ဟုတ်ကဲ့ပါခင်ဗျ။"

အသံကိုလည်း နားထောင်ကြည့်ဦးလေ။ ရွဲ့နေမှန်း အသိသာကြီး။

"လက်မှတ်ထိုးပြီးပြီဆိုတော့ သွားလိုက်ပါဦးမယ်ခင်ဗျ။"

သူကတော့ လက်မှတ်ထိုးပြီးပြီ။ ကျွန်တော်လည်း မြန်မြန်လက်မှတ်ထိုးပြီး ထွက်သွားမှ ဖြစ်မယ်။

"သားဖေဖေက ရောက်တော့မယ်တဲ့။ သူ့ကို ခဏစောင့်လိုက်ဦးနော်။"

ကျွန်တော့်ခေါင်းပေါ်ကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ ဒီကိစ္စကို ဖေဖေ သိသွားပြီတဲ့။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now