🌹45🌹

13.1K 1K 36
                                    

(Unicode Version)

နှစ်လအတွင်းမှာ တိမ်လွှာရဲ့စိတ်အခြေအနေက ပုံမှန်ပြန်ဖြစ်သွားလို့ ကျွန်တော်လည်း သူ့ဆီကို သွားတွေ့စရာမလိုတော့ဘူးပေါ့။ အဲဒါကြောင့် တာဝန်ယူထားတဲ့ ဒီဇိုင်းပုံတွေကို ဆွဲပြီး အိမ်တွင်းအောင်းနေလိုက်မိတယ်။

"ကလောင်..."

ဒီဇိုင်းဆွဲတဲ့အထဲမှာ အာရုံစိုက်နေတုန်း မက်ဆေ့ဂ်ျဝင်လာလို့ ကြည့်လိုက်တော့ တိမ်လွှာ့ဆီက ဖြစ်နေလေရဲ့။

'တိမ်လွှာ ဖေဖေနဲ့အတူ စင်ကာပူမှာ စိတ်ပြေလက်ပျောက်သွားနေမလို့ လှမ်းနှုတ်ဆက်လိုက်တာပါ။ အဲဒီမှာ ဘယ်လောက်ကြာအောင် နေဖြစ်မလဲဆိုတာကိုတော့ မသိရသေးဘူး။ တိမ်လွှာ အခုလိုမျိုး ထွက်သွားတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းမဖြစ်ပါနဲ့။ မောင့်ကြောင့် ထွက်သွားတာ မဟုတ်ပါဘူး။ အချိန်တစ်ခုကြာသွားတဲ့အခါ စိတ်သစ်လူသစ်နဲ့ မောင့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းအဖြစ် ပြန်လာခဲ့ပါ့မယ်။ မောင်နဲ့ တက္ကသိုလ်မှာ ပြန်တွေ့တုန်းက ဇာနည်နိုင့်အကြောင်းကို ပြောမပြခဲ့မိလို့ တိမ်လွှာ တောင်းပန်ပါတယ်။ မောင်တို့နှစ်ယောက်ကြားကို တိမ်လွှာ ၀င်ခဲ့မိသလို ဖြစ်သွားတာ။ တိမ်လွှာ့ဘ၀မှာ နောင်တအရဆုံးကိစ္စက ဆယ်တန်းနှစ်မှာ ဘော်ဒါသွားတက်ဖို့ ဆုံးဖြတ်လိုက်မိတာကိုပါပဲ။ ဒါပေမဲ့ ကိုယ့်အတွက် ဖြစ်မလာနိုင်တဲ့ အရာတစ်ခုပေါ်မှာ မျှော်လင့်ချက်ထားပြီး ပူလောင်မနေတော့ပါဘူး။ မောင်တို့ရဲ့အိမ်ထောင်ရေး သာယာဖြောင့်ဖြူးပါစေလို့ တိမ်လွှာ စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်။'

တိမ်လွှာ့စာလေးကို ဖတ်ပြီးချိန်မှာ စိတ်ထားလှတဲ့ သူ့ဘဝလေး လှပစေဖို့ ကျွန်တော့်စိတ်ထဲကနေ ဆု‌တောင်းပေးလိုက်မိတယ်။ သူက ကျွန်တော် လိုအပ်သမျှကို ဖြည့်ဆည်းပေးခဲ့ရှာတဲ့ အကောင်းဆုံးလက်တွဲဖော်ပါ။

ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို ပူလောင်မှုတွေပဲ ပြန်ပေးနိုင်ခဲ့တာ။ အခု သူ အေးချမ်းသွားပါပြီ။

"ဟေ့ကောင်လေး... ဒီဇိုင်းကို သေချာမဆွဲဘဲ ဘာတွေ ကြည့်နေတာလဲ။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now