🌹33🌹

11.5K 1K 30
                                    

(Unicode Version)

ဆယ်နှစ်ဆိုတဲ့ အချိန်ကာလက ကြာတယ်လို့ ထင်ရပေမဲ့ ကျွန်တော့်အတွက်တော့ နေ့ရက်တိုင်းက ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့တာပါ။ ထူးထူးခြားခြားပြောင်းလဲသွားတာဆိုလို့ အရင်ကထက် ပိုပြီးရင့်ကျက်လာတာပဲ ရှိမယ်။

ဒါပေမဲ့ ကျွန်တော့်ဘဝအတွက် ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုက မကြာခင်ဖြစ်လာတော့မှာပါ။ အဲဒါက...

"မောင်..."

ကားတံခါးကို နောက်မှီပြီး ရပ်နေရင်းကနေ ခေါ်သံလာရာဆီကို ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။ ကျွန်တော့်ကို ချိုချိုသာသာခေါ်ပြီး ကျက်သရေရှိရှိ လျှောက်လှမ်းလာတဲ့ မိန်းကလေးက တိမ်လွှာပါပဲ။

မကြာခင်မှာ ကျွန်တော့်ရဲ့အိမ်သူသက်ထားဖြစ်လာမဲ့ ဇနီးလောင်း ဆိုပါတော့။ ကိုးနှစ်လုံးလုံး တွဲလာခဲ့တဲ့ ကျွန်တော့်ချစ်သူဆိုရင်လည်း မမှားပါဘူး။

"၀ယ်စရာရှိတာတွေ ၀ယ်ပြီးသွားပြီလား။"

တိမ်လွှာက ကျွန်တော့်ကို ခေါင်းညိတ်ပြလေရဲ့။ ကျွန်တော်လည်း သူ ဝယ်လာတဲ့ အထုပ်တွေကို ဝိုင်းသယ်ပြီး ကားထဲ ထည့်နေချိန်မှာ ဘေးဘက်က တီးတိုးစကားသံအချို့ကို ခပ်သဲ့သဲ့ ကြားလိုက်ရတယ်။

"ဟိုအတွဲက ကောင်လေးရော၊ ကောင်မလေးရော ချောလိုက်တာဟယ်။ အရမ်းလိုက်တာပဲ။"

ကျွန်တော်တို့ တွဲလာတဲ့ ကိုးနှစ်တာလုံးမှာ ဒီလိုချီးကျူးစကားမျိုးကို ခဏခဏကြားခဲ့ရတာပဲလေ။ တိမ်လွှာက ပြစ်ချက်ရယ်လို့ မရှိရှာတဲ့ အမျိုးကောင်းသမီးလေးမလား။

ကျွန်တော့်ကို ဂုဏ်တင့်တယ်စေတဲ့ လက်တွဲဖော်ပါပဲ။

"အခု ဘယ်ကို သွားဖို့ ရှိသေးလဲ။"

"လက်၀တ်ရတနာဆိုင်ကိုလည်း ဝင်ရဦးမှာ။ လက်ထပ်လက်စွပ်မှာထားတာက ဒီနေ့ ရမယ်တဲ့။ မောင် အချိန်ရရဲ့လား။"

ကျွန်တော်တို့နှစ်ယောက်ရဲ့မင်္ဂလာပွဲက ရှေ့လထဲမှာမို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရပြီပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အလုပ်ကို အကြောင်းပြပြီး အဲဒီတာဝန်တွေကို သူ့ဆီ လွှဲပေးထားခဲ့မိတာ။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now