🌹35🌹

12.4K 1.1K 25
                                    

(Unicode Version)

မနေ့ညက မာယာနဲ့ စကားပြောပြီး အတွေးများသွားလို့ သန်းခေါင်ကျော်မှပဲ ကျွန်တော် အိပ်ပျော်သွားခဲ့တာ။ အဲဒါကြောင့် မနက်ကျတော့ လူက ငြီးစီစီဖြစ်နေလေရဲ့။

"စိတ်ချပါ... ဖေဖေ။ သား အခု အဲဒီကို လာနေပါပြီ။"

ဖေဖေက မင်္ဂလာပွဲကျင်းပမဲ့ ဟိုတယ်ကို ကြိုသွားပြီးတော့ စီစဉ်ထားတာတွေ အဆင်ပြေမပြေလိုက်စစ်နေတာလေ။ အဲဒီလို မအားတဲ့ကြားက ကျွန်တော့်ဆီကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မြန်မြန်လာဖို့ လောလိုက်သေးတယ်။

ကျွန်တော်ကတော့ ဟိုတယ်ကို စောစောမသွားချင်ဘူး။ ဟိုရောက်ရင် မိတ်ကပ်ဝိုင်းပြင်ပေးကြမှာ သေချာတယ်။

ယောက်ျားလေးက မင်္ဂလာတစ်ခါဆောင်ဖို့အရေး မိတ်ကပ်ပြင်နေရဦးမှာလား။ သတို့သမီး လှနေရင် ပြီးပြီပဲဟာ။

ဒါပေမဲ့ ဟိုကို မရောက်မချင်း ဖေဖေက ဖုန်းထပ်ဆက်နေလိမ့်မယ်။ အခုပဲကြည့်... ပွဲစဖို့ သုံးနာရီလောက် လိုသေးတာကိုတောင် ဖုန်းက ဆယ်ခါမက ဆက်ပြီးနေပြီ။

"အစ်ကိုလေး သွားတော့မလားခင်ဗျ။"

ကားဒရိုင်ဘာ ကိုစိုးဦးက ကျွန်တော့်ကို လာမေးလေရဲ့။ အဲဒါကလည်း ဖေဖေ့ပယောဂကြောင့်ပဲ ဖြစ်မှာပါ။

"ကောင်းပြီလေ။ သွားကြတာပေါ့။"

ကျွန်တော်လည်း စိတ်လျှော့ချပြီး ဆင်ဝင်အောက်မှာ အဆင်သင့်ရပ်ထားတဲ့ ကားပေါ်ကို လေးလေးပင်ပင်တက်လာခဲ့မိတယ်။

"အစ်ကိုလေးကို ကြည့်ရတာ ပင်ပန်းနေသလိုပဲ။ မျက်ကွင်းတွေတောင် ညိုနေသလားလို့။"

ကိုစိုးဦးက အရိပ်အကဲတအားသိတာ။ အဲဒါကြောင့် ဖေဖေက သူ့ကို အလုပ်စဝင်ပြီး သုံးလအတွင်းမှာ ခြံစောင့်ကနေ ဒရိုင်ဘာအဖြစ် ရာထူးတိုးပေးလိုက်တာပေါ့။

"ဟုတ်တယ်။ မနေ့ညက သိပ်အိပ်မပျော်လို့။ မျက်ကွင်းက တော်တော်ညိုနေလို့လား။"

"အရမ်းတော့ မညိုပါဘူး။ ကျွန်တော်တို့က အစ်ကိုလေးကို အမြဲမြင်နေကျမို့ သတိထားမိသွားတာ။ အပြင်လူဆိုရင် သတိထားမိမှာ မဟုတ်ပါဘူး။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now