🌹41🌹

12.3K 1K 11
                                    

(Unicode Version)

သတိလစ်သွားတဲ့ တိမ်လွှာ့ကို ဆေးရုံအမြန်ပို့ပေးပြီးတော့ ဆရာဝန်တွေဆီက သတင်းကို ကျွန်တော်တို့ စောင့်ခဲ့ရတယ်။

"သမီးလေးက သား ရောက်မလာတာကို လက်မခံနိုင်ဘဲ အဲဒီနေရာမှာပဲ ခုနစ်ရက်လုံးလုံး ထိုင်စောင့်နေခဲ့တာ။ မင်းက သူ့ဆီကို သေချာပေါက်ရောက်လာမှာပါတဲ့။ သူကလေ... မင်းကို အရမ်းချစ်ရှာတာ..."

စကားအဆုံးမှာ ဒေါ်ဖူးမြတ်က မျက်ရည်ကို မထိန်းနိုင်တော့ဘဲ ငိုချပါလေရော။ တိမ်လွှာ့အဖေ ဦးမိုးကောင်းဆို မျက်နှာတော်တော်ပျက်နေရှာတာ။

ကျွန်တော့်ကို ဒေါသထွက်တာလည်း ပါမှာပေါ့။ ထွက်လည်း ထွက်သင့်ပါတယ်လေ။

တိမ်လွှာ့လို အပြစ်ကင်းပြီး စိတ်ကောင်းရှိတဲ့မိန်းကလေးကို အခုလိုမျိုး အရှက်တကွဲဖြစ်အောင် ကျွန်တော်က မရည်ရွယ်ဘဲ လုပ်ခဲ့မိတာမလား။ သူတို့ အပြစ်တင်ရင်လည်း ခံရမှာပါပဲ။

ခဏကြာတော့ တိမ်လွှာ့အခြေအနေကို စစ်ဆေးပေးတဲ့ ဆရာဝန်ကြီးက ကျွန်တော်တို့ဆီကို ရောက်လာခဲ့တယ်။

"ဆရာ... ကျွန်မတို့သမီးလေးရဲ့အခြေအနေက ဘယ်လိုရှိလဲဟင်။"

"စိတ်ထိခိုက်မှုကြီးကြီးမားမားနဲ့ ကြုံခဲ့ရပြီး အာဟာရပြတ်သွားတော့ စိတ်အခြေအနေကလည်း မတည်မငြိမ်ဖြစ်သွားပုံပဲ။"

ကျွန်တော့်ကြောင့် တိမ်လွှာ့မှာ ဒီလောက်ထိ ဆိုးဆိုးရွားရွားထိခိုက်သွားလိမ့်မယ်လို့ တွေးတောင် မတွေးကြည့်ဖူးပါဘူး။ ဖြစ်နိုင်ရင် ဒီဒုက္ခတွေကို သူ့ကိုယ်စား ကျွန်တော်က ခံယူပေးလိုက်ချင်တယ်။

"အဲဒါက... ပြန်ကောင်းလာနိုင်ပါ့မလား။"

ဒေါ်ဖူးမြတ်ရဲ့မေးခွန်းအတွက် အဖြေကို ကျွန်တော် ဘုရားတပြီး စောင့်နေမိတာပေါ့။

"သူ့စိတ်အခြေအနေကို ဖြည်းဖြည်းချင်း တည်ငြိမ်အောင်လို့ ဂရုစိုက်ပေးလိုက်ရင် ပြန်ကောင်းလာမှာပါ။ အခြေအနေက သိပ်မဆိုးပါဘူး။"

ဆရာဝန်ကြီးဆီက သိပ်မဆိုးဝါးတဲ့မှတ်ချက်ရမှပဲ ကျွန်တော်တို့အားလုံး စိတ်နည်းနည်းအေးသွားရတော့တယ်။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now