🌹43🌹

12.3K 1K 20
                                    

(Unicode Version)

တစ်လနီးပါးကြာပြီးနောက်မှာ တိမ်လွှာ့ရဲ့ကျန်းမာရေးအခြေအနေက တော်တော်လေးပြန်ကောင်းလာခဲ့တယ်။ ဒါပေမဲ့ မင်္ဂလာပွဲပျက်ခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ တိမ်လွှာက လုံးဝမမေးခဲ့ပါဘူး။

"ဒီနေ့ ဇာနည်နိုင် ပါမလာဘူးလား။"

တိမ်လွှာ့ရဲ့မေးခွန်းကို အသီးနွှာပေးနေရင်းနဲ့ ကျွန်တော် ပြန်ဖြေလိုက်မိတယ်။

"သူက ဒီနေ့ အလုပ်ကိစ္စရှိလို့ မလာဖြစ်ဘူးတဲ့။"

"မောင်တို့နှစ်‌ယောက် ပြန်အဆင်ပြေသွားတာကို တိမ်လွှာ အရမ်း၀မ်းသာတာပဲ သိလား။"

ကျွန်တော် ပြုံးရုံပဲ ပြုံးပြလိုက်ရတာပေါ့။

"တိမ်လွှာနဲ့ တက္ကသိုလ်မှာ ပြန်တွေ့တုန်းကဆို အရင်တုန်းက မောင်မှ ဟုတ်သေးရဲ့လားလို့ တွေးမိတဲ့အထိကို အေးတိအေးစက်ပုံစံမျိုး ဖြစ်နေခဲ့တာ။"

အဲဒီအချိန်တုန်းက ဇာနည်နိုင်ကြောင့် ကျွန်တော့်ဘဝပျက်မလို ဖြစ်ခဲ့ရတာလေ။ မတတ်သာလို့ အသက်ဆက်ရှင်နေရပေမဲ့ ရှင်သန်ဖို့ အကြောင်းပြချက်က ပျောက်ဆုံးသွားတာမျိုး။

ပျော်ရွှင်မှုတွေက အချစ်နဲ့အတူ မြှုပ်နှံခံလိုက်ရပြီလေ။ တိမ်လွှာကတော့ ဒါတွေကို ဘယ်သိရှာပါ့မလဲ။

"တိမ်လွှာတို့ ပြန်တွေ့ပြီး တစ်လလောက်နေတော့ တွဲကြရအောင်ဆိုပြီး မောင်က ပြောခဲ့တယ်နော်။"

"အင်း... ဟုတ်မယ်ထင်တယ်။"

အရင်အချိန်တွေကို ကျွန်တော် ပြန်မတွေးချင်ဘူး။ အတိတ်အကြောင်းတွေကို ပြန်ပြောရတာကိုလည်း စိတ်မပါဘူး။

အဲဒါကြောင့် အသီးကိုပဲ အာရုံစိုက်ပြီး နွှာနေခဲ့မိတယ်။

"မောင်..."

ကျွန်တော့်ပုံစံက တိမ်လွှာ့ကို အလေးမထားသလိုများ ဖြစ်သွားသလား မသိ။ ဒါပေမဲ့ သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး အတိတ်က အဖြစ်အပျက်ကို ဘယ်လိုပြောပြရမှာလဲ။

"ပြောလေ... တိမ်လွှာရဲ့။ ကိုယ် နားထောင်နေပါတယ်။"

"တိမ်လွှာ့ကို ချစ်ခဲ့ဖူးလားဟင်။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now