1:1

1.7K 141 3
                                    

''ကမ္ဘာကြီး၏ဆွဲအားသည်''

''Jeon Jung Kook!!!!!''

''Jeon Jung Kookဖြစ်သည်....အာ ပေါက်ကရ''

နာမည်တစ်ခုအားယောင်ကာရေရွတ်မိသည်။အနောက်ဘက်ခုံတန်းဆီမှရန်ဖြစ်သံသဲ့သဲ့ကြောင့်ဖတ်လက်စစာအုပ်ကိုအသာပိတ်ရင်းလှည့်ကြည့်မိသည်။သူ့အရပ်နဲ့မတိမ်းမရိမ်းကောင်လေးနှစ်ယောက်နှင့်သူ့ထက်အရပ်မြင့်သောကောင်လေးတစ်ယောက်တို့ထိုးကြိတ်တော့မည့်အနေထားဖြစ်သည်။

''မင်းကဒီအတန်းထိလာပြီး ရန်လာရှာတတ်နေပြီလား Jung Kook''

''မင်းလူကငါ့ဆီအရင်ပြဿနာလာလုပ်သွားတာလည်းမေးဦး ငါ့ကောင်မလေးကိုဖြတ်လုသွားတာ ငါကကျေနပ်ရမှာလား''

''ဟ မင်းကိုမကြိုက်တော့လို့ငါ့ဆီလာတာလေ တမ်းတနေတာလား''

''ငါ့ဘဝမှာထွက်သွားတဲ့သူကိုတမ်းတစရာ ဘာစောက်ကြောင်းမှ မရှိဘူး အခုကိစ္စကမင်းက ငါ့ကိုလာပြီးသွေးကြောင်တဲ့အကွက်တွေလာရွှေ့သွားလို့''

ကောင်မလေးလုနေကြသည့်ပြဿနာထင်ပါသည်။အတန်းထဲမှသူများလည်းသူ့လိုပင်ထိုကစားပွဲအားစိတ်ပါဝင်စားစွာကြည့်နေကြသည်။

''ဒီတစ်ခါပဲရမယ် နောက်တစ်ခါ ငါ့အပိုင်တွေကိုလာမထိနဲ့ ဟေ့ကောင်''

အင်္ကျီအနက်ရောင်လွှမ်းခြုံထားသောတစ်ယောက်ကပြောပြီးထွက်သွားတော့သည်။စိတ်ဝင်တစားရှိသူများကလည်းကိုယ့်နေရာကိုပြန်ထိုင်ကြတော့သည်။သူလည်းအရှေ့ဘက်သို့ပြန်လှည့်လိုက်သည်။စိတ်ဝင်စားဖို့မကောင်းတဲ့ကစားပွဲတစ်ခုပေ။

''မင်းတော့ ညနေတစ်ခုခုဖြစ်ပြီဆိုတာ ငါသိနေတယ် သူကလွယ်တဲ့သူမဟုတ်ဘူးလေ သွားထိရလားသူ့ကိုမှ''

''ငါလည်းသူ့ရှေ့မှာမို့နိုင်ချင်ဇောနဲ့ပြောမိတာပါ သူတစ်ခုခုလုပ်လိုက်ရင်သွားပြီ''

''မင်းတော့သွားပြီ''

ငြီးငြူသံတစ်စွန်းတစ်စကအသံတိတ်အခန်းငယ်ထဲခပ်ကျယ်ကျယ်ထွက်လာသည်။
သူတို့မှန်းထားတဲ့အတိုင်းဖြစ်သွားတော့သည်။
Jung Kookဆိုသူသည် မနေ့ကမှအသစ်စက်စက်ဝယ်ထားသော ကားအား မှန်တွေ တစစီရိုက်ခွဲထားလေသည်။ကားဘီးများမှာမြေပြင်ပေါ်ဝယ်ဝပ်ပြားနေသည်။ဘယ်နေရာမှသုံးစားလိူ့မရတော့တဲ့အနေထားတစ်ခုဖြစ်နေသည်။

Light on meWhere stories live. Discover now