19:19

1.1K 92 2
                                    

စားပွဲပေါ်မေးတင်ရင်း...တစ်ပါးသူအား အကျင့်ပုတ်ရန် စာရွက်တစ်ရွက်ဖြင့် ချရေးနေရမည်ဟု အိပ်မက်ထဲဝယ်တောင် မမက်ဖူးခဲ့။

အသေးစိပ်စီစဥ်ထားသော သူ့ရဲ့သတ်မှတ်ချက်အားကြည့်ကာ ပြုံးလိုက်မိသည်။

မုန်းဖို့လိုအပ်ချက်ရှိနေလို့ မုန်းရန်အကြောင်းပြချက်တော့ အနည်းငယ်လေး လိုတယ်မဟုတ်လား။

သူဟာ ယုတ်မာတတ်သူတော့ ဘယ်ဟုတ်ပါ့မလဲ။

အချစ်အတွက်လည်းယုတ်မာတယ်လို့ သုံးလို့ဘယ်ရပါ့မလဲ။

အကွက်ကျကျစီစဥ်ထားပြီးပီမို့...တစ်ယောက်ယောက်ကိုဖုန်းဆက်ကာ ပြင်ဆင်ရတော့မည်။

''Hello''

တစ်ဖက်မှလူသည် သူ့အသံကြားသည်နှင့် ပြုံးပျော်ကာပင် သူ့အစီစဥ်အားလက်ခံခဲ့သည်။

ဒီလိုမျိုးသူ့ဘက်ကဘက်တော်သားလည်းရှိသေးသကိုး...။

အားရအောင်တစ်ချက်ပြုံးရင်း....ခါးသက်နေသော ကော်ဖီအား စိတ်ကျေနပ်စွာ သောက်သုံးမိပြန်ပါရောလား...။

''Jimin အဆင်ပြေရဲ့လား ကလေးလေး''

ဆေးရုံကဆင်းပီးထဲက အခန်းထောင့်ကပ်ကာ နားနှစ်ဖက်ပိတ်ထားသူသည် ကြောက်ရွံ့နေဆဲ။

ကလေးငယ်ဟာ ဘာကိုကြောက်ရွံ့မှန်း သေချာရေရာသိခဲ့ရပါသည်။

ကလေးငယ်ဟာ ကူးငယ်ရဲ့ အပြောကြမ်းကြမ်းအားမုန်းပါသတဲ့။

စကားလုံးကြမ်းများအောက်မေ့ရတဲ့အထိတောင် ပျော့ညံ့မိပါရဲ့။

ညတိုင်းနီးပါး အိပ်ဆေးများသောက်ကာ Jeonရဲ့အသံတွေကို လျစ်လျူရှုထားရသူ။

ကောင်းကောင်းတောင်အိပ်မပျော်ပါပဲ Jeonအပြုံးတွေက အိပ်မက်ထဲထိ လိုက်ပါနေတတ်သည်မို့ သန်းခေါင်ယံတိုင်း နိုးထလာကာ ငိုတတ်စမြဲ။

Jeonဟာ ကလေးငယ်ရဲ့ ကမ္ဘာကို အလွှမ်းမိုးကြီး လွှမ်းမိုးသွားခဲ့လေသည်။

Jeonအပြုံး...
Jeonအသံ...
Jeonဟန်ပန်တွေကို...
ကြောက်လန့်နေတာမဟုတ်ပဲ...
တိတ်တိတ်လေး စွဲလမ်းနေခဲ့တာ...

ကလေးငယ် ကိုယ်တိုင်တောင်မသိလိုက်ပါပဲ
ရင်ထဲအနက်ရှိုင်းဆုံးနေရာထိ Jeonဟာ စိုးမိုးသွားခဲ့တာ။

Light on meWhere stories live. Discover now