5:5

1.2K 115 1
                                    

''ဟယ်......ဟိုမှာ ချကုန်ကြပြီ''

''သွားကြည့်မနေနဲ့ ဟိုလူဆိုးပဲ ဖြစ်မှာ''

ကောင်မလေးနှစ်ယောက်ရဲ့မလှမ်းမကန်းတွင်ကောင်လေးအုပ်စုနှင့်တစ်ယောက်သောသူသည်ထိုးကျိတ်ပွဲဝင်နေသည်။

''တို့အတန်းက Park Jiminလည်းနော် သူ့မှရွေးပေါင်းရတယ်လို့''

''သူတို့နှစ်ယောက်ကလိုက်ပါတယ် ဟိုကဆိုးဆိုးသူကအေးအေးလေး''

''တော်ကြာ ငါ့Jiminလေးကို အနိုင်ကျင့်နေမှာဆိုးလို့ဟေ့''

''ကောင်မနော် အခုထိJiminကို ကြွေနေတုန်းလား''

''မကြွေပဲနေမလား ကြွေတယ် လှလိုက်တာဖြင့်မှုံလို့ သူ့အလှကိုအားကျပြီးကြွေတာဟေ့ ''

''ငါက Jung Kookနော် နင်နဲ့ငါTeamကွဲသွားပီ''

''အမလေး လူဆိုးကိုများ...''

''ဆိုးဆိုးလေးမို့ ချစ်တာလေ သူကမိုက်ပါတယ် စာလည်းတော်တယ်တဲ့ ရုပ်လေးကလည်းချော ဘောစိဟဲ့''

''အသေဆိူးတာလည်းထည့်ပြောဦး''

''နင့်Jiminကရော အေးတိအေးစက် နဲ့ တစ်ကျောင်းလုံးမှာ ဘယ်နှယောက်နဲ့များတရင်းတနှီးစကားပြောဖူးလို့လဲ''

''ဟဲ့...တစ်ကျောင်းလုံးပတ်မွှေနေတဲ့ အဲ့ငမွှေထိုးထက်တော့သာတယ် လာပါဟယ် အတန်းနောက်ကျနေပြီ သူများအကြောင်းပြောတာနဲ့တင်အချိန်ကုန်တယ်''

ရှေ့မှတတွတ်တွတ်ပြောသွားသောကောင်မလေး၂ယောက်သည်အနောက်မှလျှောက်လာသောသူ့ကိုမမြင်ချေ။

သူ့နေရာမှာဟိုတစ်ယောက်သာဆိုတစ်ခုခုလုပ်မလားပဲ။တစ်ယောက်သောသူသည်လူမြင်ကွင်းဝယ်အသေအလဲတိုက်ပွဲနေတာကြည့်မကောင်းပေ။တစ်ဦးတစ်ယောက်မှဝင်တား ခြ​င်းမရှိ။ဝင်မပါရန်ဆုံးဖြတ်ထားပေမယ့် အများနှင့်တစ်ယောက်မို့အနည်းဆုံးတော့သွားဆွဲခေါ်ရမည်။

''ကူးငယ်...''

ကောင်မလေးကိစ္စနှင့်စကားများရာမှလက်ပါသည်အထိကျူးလွန်မိချိန် တိုးသဲ့သဲ့အသံကြောင့် လက်သီးဆုပ်တို့လေထဲရပ်တန့်သွားသည်။

အပြာနုရောင်နတ်သားလေးသည် ရန်ပွဲရဲ့ဘေးနား ခပ်ခွာခွာလေးရပ်နေသည်။အပြာရောင်အတောင်ပံတစ်စုံနှင့်နတ်ပြည်ကဆင်းသတ်ပြီးကျောင်းလာတက်တဲ့နတ်သူငယ်လေးလိုသိပ်လှလွန်းသည်။ထိုအလှအပလေးအားအကြည့်တို့မခွာနိုင်ချိန်...

Light on meWhere stories live. Discover now