8:8

1.1K 114 0
                                    

''စိတ်ဆိုးပြေပီ အာ့ကြောင့်ဆက်လိုက်မလာနဲ့နော်''

မနက်ကျောင်းရောက်ထဲက မျှော်လင့်ခဲ့ရတဲ့ စကားတစ်ခွန်းကြားခဲ့ပေမယ့်လည်း Park Jiminကတော့ သူ့ကိုတစ်နေ့လုံး အတွေ့မခံခဲ့ပါ။

စာမေးပွဲ အကြောင်းပြကာ နောက်နေ့တွင်လည်း Park Jiminက အရှောင်ကောင်းနေဆဲဖြစ်သည်။
ဒီနေ့သူ့ကိုအလျော်ပေးဖို့ကျောင်းစောစောလာခဲ့ပေမယ့် Park Jimin ကနေမကောင်း၍ခွင့်ယူထားသည်တဲ့။တကယ်ပါ အကြိမ်ကြိမ်လွဲလို့ကောင်းနေတုန်း။

နောက်ဆုံးတော့ သူစောင့်ကြိုနေတဲ့ ပန်းပွင့်လေးက ကျောင်းသိူ့လွင့်လာပါတော့သည်။
ပါဝါမျက်မှန်လေးနှင့်ထိုသူသည် တက္ကသိုလ်တစ်ခုလုံးတွင် အရမ်းအလှဆုံးဟု Jeonက သတ်မှတ်လိုက်တယ်ဆို ခင်များတို့ရော လက်ခံလိုက်မှာလား။လက်ခံသင့်ပါတယ် Park Jiminက သိပ်လှ သိပ်မွှေးလွန်းတဲ့ ပန်းကလေးတစ်ပွင့်နှယ်။

''Jimin ကျွန်တော်စောင့်နေတာ ပေးစရာရှိလို့''

''ကိုယ်အခု အတန်းချိန်ရှိသေးတယ် ညနေပြန်ရင်ဆုံမယ်လေ ''

''ဟုတ်ကဲ့''

''ဒါနဲ့ စာမေးပွဲ ဖြေနိုင်လား''

''ကျွန်တော်ပါဗျ ဖြေနိုင်တယ် အာ့ဆို see you နော် ညနေ ကျွန်တော်စောင့်နေမယ်''

''သွားပြီ တာ့တာ ''

လက်ကလေးပြကာ နှုတ်ဆက်သွားသော သူသည် ဒီနေ့ဝယ် ပိုတတ်ကြွနေသယောင်။
Jeonလည်း Chal Yu နဲ့တွေ့ရမည်မို့ အတန်းဆောင်ထဲဝင်လာခဲ့သည်။ထုံးစံအတိုင်းသူမက အပြုံးလှလှလေးပြုံးကာသူ့အားကြိုဆိုနေဆဲ။
အနောက်ဘက်တန်းက ပုပ်သိုးသိုး မျက်နှာပေးနဲ့ကောင်လေးတစ်ယောက်ကတော့ သူ့အား အခုထိအစာမကြေနိုင်သေးပါ။

''Chal ''

''ကို ဒီညနေ ကျောင်းပြန်ရင် Chal အိမ် လိုက်ပို့ပါလား ကားမပါလာလို့''

''Chal ညနေကိုယ် ချိန်းထားတာရှိလို့ သူငယ်ချင်း နဲ့ ပီးတော့ ကိုယ်လည်းကားမပါဘူးလေ''

''ဟုတ်လား''

''ကိုယ် Taxi ခပေးလိုက်မယ်လေ Chal အဲ့ကားနဲ့ပြန်ပေါ့''

''ရတယ် ရတယ် Chalသူငယ်ချင်းနဲ့ပြန်လိုက်မယ်''

''Ok ပါဗျာ''

Light on meWhere stories live. Discover now