24:24

1.1K 79 2
                                    

Jin Hyungရဲ့ သတိပေးချက်အရ ကူးငယ်တစ်ယောက် မနက်အစောကြီးနိုးလာကာ အတတ်နိုင်ဆုံးCuteဖြစ်အောင်ပြင်လေတော့သည်။

အပြာနုရောင်ဟူဒီလေးကိုရွေးချယ်လိုက်ပီး အဖြူရောင်ဘောင်းဘီအတိုလေးဖြင့် သူ့ကိုယ်သူ မှန်ထဲ ကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်မိသည်။

တကယ်ပါပဲ လူဆိုးကြီးက ဒီလိုနုရွတာတွေနဲ့ မလိုက်မဖက်။ဟူဒီရဲ့ခေါင်းစွပ်လေးစွပ်ကာ ကားသော့လေး ဆွဲရင်း အရောင်းရှိမယ်ဆိုတဲ့ ကိုကို့ showroomသို့ လစ်ရန်အသင့်ပင်။

ကူးငယ်ဟာ အရင်ကထပ်များစွာ လက်ဆတ်နေတဲ့လူငယ်လေးလို။တကယ့်သူ့အသက်က၂၄နှစ်စွန်းစွန်းကလေးလေးပါပဲ။

အိမ်ထဲကမထွက်ခင် သူ့ရဲ့အိမ်ကိုဝေ့ဝဲ ကြည့်မိသည်။ငယ်စဥ်ထဲက တစ်ယောက်ထဲ ဖြတ်သန်းခဲ့သည်မို့ တိတ်ဆိတ်နေသည်က သူ့အတွက်သာမန်ပါပဲ။

ဧည့်ခန်းအလယ်မှာ ချိတ်ဆွဲထားတဲ့မေမေနဲ့ဖေဖေပုံက သူ့ကိုရယ်ပြနေသည်။ သူထောင်ကျသည့်သတင်းကိုမေမေဟာကြားပီး နှလုံးသွေးတို့ပြောင်းပြန်စီးကာ လောကကြီးမှ ထွက်သွားပြီတဲ့လေ။

ဖေဖေဆိုရင်လည်း နဂိုထဲက အဝေးမှာမို့ မမျှော်လင့်မိပါ။

မေမေကသူ့အတွက်အကုန်ဖြည့်ဆည်းပေးခဲ့သည်။အမွေတွေလည်းတစ်ယောက်ထဲအတွက်မသေခင်ထဲက အကုန်လွှဲပြောင်းပေးခဲ့သည်တဲ့လေ။

မလိမ်မာတဲ့ကူးငယ်လေးကို မေမေက နောက်ဆုံးအထိ ချစ်ပြသွားခဲ့တာပါပဲ။

ဝဲတက်လာတဲ့မျက်ရည်အချို့ကိုသုတ်ပစ်ပြီး မေမေ့အားလက်ပြနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။

စနစ်တကျစီတန်းထားသော ရောင်စုံကားလှလှလေးတွေကလည်းသွားလေသူမေမေဝယ်ထားခဲ့ပေးတာတွေချည်းပဲတဲ့လေ။

.......................

မနေ့ကMeetingကိစ္စကိုခေါင်းကိုက်နေ၍ ၇နာရီကျော်မှ အိပ်ရာနိုးလေတော့သည်။

အရောင်မကြိုက်တဲ့အကြောင်းပြချက်ကို ဝန်ထမ်းလေးများက မျက်နှာမဲ့ကြသည်။

တစ်ပတ်အတွင်းရောင်းထွက်စေရမည်ဟု ကတိ အပြန်အလှန်ပေးကာ Meetingကိုအဆုံးသတ်စေခဲ့သည်။

Light on meWhere stories live. Discover now