14:14

1K 100 2
                                    

''ဘယ်လိုဖြေရှင်းမယ်စဥ်းစားထားလဲ....မချစ်ရင်လက်လွှတ်လိုက်ပါ မင်း အိပ်မက်ဆိုးတွေ အတော်ပြင်းနေပြီနော်Jimin''

ဟုတ်ပါသည်။သူအိပ်မက်ဆိုးမက်နေခဲ့တာသုံးရက်ဆက်တိုက်ရှိနေပြီဖြစ်သည်။
အဖြေနှစ်ခုထွက်နေတဲ့ ပုစ္ဆာတစ်ပုဒ်က သူ့အတွက် လွယ်မယောင်နဲ့ ခက်နေသည်။
အိပ်မက်တိုင်းမှာ လိုက်ပါလာတတ်သူသည် သူ့အားချစ်တယ် တဖွဖွ ပြောကာ အဝေးဆုံးကိုသာ ထွက်သွားတတ်သည်။
လက်ကလေးများအားဆွဲထားသလိုနှင့်နာကျင်စွာဖျစ်ညစ်တတ်သည်။
နောက်ဆုံး အနာကျင်ရဆုံးက ရင်ဘက်အစုံအား နင်းချေကာ လွှင့်ပစ်လိုက်လေခြင်း...။

အိပ်မက်ကနိုးလာတိုင်း နာကျင်နေတဲ့ရင်ဘက်နဲ့ ကျဆင်းလာတဲ့ မျက်ရည်တွေကို သူရင်မဆိုင်နိုင်။အရမ်းနာကျင်ရပါသည်။

အ​ဖြေနှစ်ခုထဲက တစ်ခုသည် သေချာပါသည် နာကျင်အောင်လုပ်တဲ့သူကို အရမ်းမုန်းပါသည်။

''မေ့မှာပါ အရမ်းမုန်းလို့ Jimin ကူးငယ်ကိုမုန်းလို့ မေ့ပစ်မှာပါ''

>>>>>>>>>>>>>>

''မောင် ဘာကြောင့်လမ်းခွဲရတာလဲ''

''မောင်မှ မဟုတ်တော့ပဲ ခေါ်မနေပါနဲ့ ငါ့အတွက်
''မောင်''ဆိုတာ တစ်ယောက်ထဲကခေါ်ခွင့်ရှိတဲ့နာမ်စားပဲ''

''လမ်းခွဲမပေးနိူင်ဘူး''

''ငါကတော့ ခွဲတယ် နေခဲ့လိုက်တော့''

''နေခဲ့ဆိုနေခဲ့မယ်လေ Park Jiminထိခိုက်မှာရော မစိုးရိမ်ဘူးလား''

''ကိုကို့ကို ထိခိုက်အောင် မင်းလုပ်နိုင်မယ်မထင်ဘူး ဒါကြောင့်မို့ ချိန်းခြောက်တာတွေမပြောကြရအောင်''

လွယ်လွယ်လေးပြောကာထွက်သွားသောJung Kookအား ကြည့်ကာ ရေချယ် နှုတ်ခမ်းကိုက်မိသည်။Jung Kookက အများကြီး လျှော့တွက်ထားပုံရသည်။
ရေချယ့်ထပ်ပိုလှသောPark Jimin ကို သူရွေးချယ်ပီးတဲ့နောက် နဂိုထဲက အလှကို မနာလိုနေရခြင်းတွေထဲအမုန်းတွေသာ ထပ်လောင်းထည့်လိုက်မိသည်။
Park Jiminနဲ့တွေ့ပီးနောက် သူကရေချယ်နဲ့တွဲနေခဲ့ပေမယ့်လည်း Jiminနားသာ အချိန်တိုင်းကပ်နေတတ်သူမို့ ကြိတ်မုန်းမိတာတော့ မညာတမ်းဝန်ခံရပါမည်။

Light on meDär berättelser lever. Upptäck nu