သူဟာ ကိုကို့အနား ကပ်ဖို့ကြိုးစားရင်းနှင့်ပင် ကိုကိုနဲ့ဝေးရာကိုရောက်မှန်းမသိရောက်သွားခဲ့သည်။
ကိုကိုဟာ သူ့အားရှောင်နေတာ ရက်ပေါင်း ၄၀။
အတွေ့မခံခဲ့တဲ့ကောင်လေးက ခံစားချက်တွေကို ပြန်ဆန်းစစ်နေတာပါတဲ့လေ။ကိုကိုနဲ့တွေ့ခွင့်မရတဲ့နေ့ရက်တွေမှာ သူဟာ ဘယ်မိန်းမနဲ့မှလည်းမတွေ့ဆုံတော့။
တစ်ဦးတစ်ယောက်ထဲကိုပဲ လိုချင်တပ်မက်မိတာမို့ အများကို စွန့်လွှတ်ခဲ့ရသည်။ကိုကို့ဆီက အချစ်ကို တဖန် ပြန်ရဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားရဦးမည်ပေါ့။
နူးညံ့တတ်သူလေးက စိမ်းကားသွားတဲ့အခါ မောင့် ကမ္ဘာဟာ ပျက်လုလု။အဝေးကနေ လှမ်းမြင်ရတတ်တဲ့ပုံရိပ်လေးကိုပဲ သိမ်းဆည်းရင်း မောင့်ရဲ့ညတွေဟာလည်း မူးကာယစ်ကာဖြင့်။တစ်ခါတစ်လေပျောက်ရှသွားတဲ့ပုံရိပ်လေးကိုမောင်ဟာ တစ်ကျောင်းလုံးမြေလှန်ရှာခဲ့ပါသေးသည်။
အသံလေးတွေများကြားချင်ပါရဲ့။
နှုတ်ခမ်းဖူးဖူးလေးအား နမ်းချင်မိပါရဲ့ ဆိုပြီး အရက်ပုလင်းတွေကြား မောင်တစ်ယောက် ငြီးငြူမိနေခဲ့သည်။Park Jiminနှုတ်ခမ်းလောက်မှ ယစ်မူးစရာမကောင်းတဲ့ ဝိုင်တွေဟာ မောင့်အတွက် အသုံးမဝင်။
လှပတဲ့မီးရောင်စုံကြားက ကောင်မလေးတွေအားလည်း မောင် မျက်စိမကျ။
မောင့်ကောင်လေးလှလှလောက် ဘယ်သူမှ မမှီခဲ့ပါဘူးကွယ်။တစ်ဖက်မှာ.....
မုန်းချင်မေ့ချင်ပါရဲ့ဆိုတဲ့လူတစ်ယောက်အားအကြိမ်ကြိမ်သတိရနေမိတဲ့အခါDr. Kimကိုဖုန်းလှမ်းဆက်ရသည်။
Drရဲ့ဆေးတွေဟာ မေ့ပျောက်နိုင်စွမ်း မထိရောက်ပေမယ့် လေးငါးနာရီလောက်အိပ်ပျော်စေတာမို့ ခဏတာတော့ သူမေ့နိုင်ခဲ့လေသည်။အရမ်းဆိုးတဲ့သူ။
အရမ်းပွေရှုပ်တဲ့သူကိုမှ ဘဝထဲ ခေါ်လာမိခဲ့ပီး ပြန်ဆွဲထုတ်လိုက်တဲ့အခါ နာရတဲ့အနာတရက ဆူးနေတဲ့သံတစ်ချောင်းကိုပြန်ဆွဲနှုတ်လိုက်ရသလိုသွေးစိမ်းရှင်ရှင်ထွက်ခဲ့သည်။စချစ်ခဲ့တာက မောင် လို့ ဆိုခဲ့ပေမယ့် ကြိတ်ချစ်ခဲ့ရတာက ကိုကို ဖြစ်နေခဲ့သည်။