ဆေးရုံကုတင်ဖြူဖြူလေးထပ် ဆေးရုံဝတ်စုံမိုးပြာရောင်လေးနှင့်လူသားသည် ပြတင်းတံခါးကိုငေးကြည့်ကာ မျက်ရည်စတစ်ချို့က စီးကျနေဆဲ။
ထွက်သွားစမ်းပါ ဟု အကြိမ်ကြိမ်နှင်နေသည့်ကြားမှ ကုတင်ခြေရင်းအောက် ဒူးထောက်ကာ တောင်းပန်နေသည့် လူသားငယ်သည်လည်း ထွက်မသွားခဲ့။
တောင်းပန်စကားဆိုခဲ့တာ နှစ်ရက်မြောက်တိတိကြာခဲ့ပေမယ့် ခွင့်လွှတ်ပါတယ်ဆိုတဲ့စကားထပ် နှင်သံတွေသာ ကြားနေရခဲ့သည်။
''Jeon Jung Kook''
''ဗျာ''
''ကိုယ်တို့လမ်းခွဲရအောင်''
''ဗျာ...ကိုကို့ကို မောင်တောင်းပန်တယ်လေ မောင့်အမှားကိုသိပေမယ့် အဲ့လိုအပြစ်ဒဏ်ကြီးကျမောင်မခံယူရဲဘူး''
''ထွက်သွားပါတော့ ငါလည်းမင်းနဲ့တွဲရလို့ အရမ်းတွေပင်ပန်းနေပါပီ ငါကပဲ မင်းကိုတောင်းပန်ပါတယ် ကူးငယ်ရယ်''
''မောင် တောင်းပန်ပါတယ် ''
''ကိုကိုလည်းတောင်းပန်ပါတယ် ကူးငယ်လေးရယ် ထွက်သွားလိုက်ပါတော့''
''မောင့်ကိုခွင့်လွှတ်ပေးဖို့ ကိုကို့ကို အချိန်ပေးပါ့မယ် လမ်းတော့မခွဲချင်ဘူး''
ပြတင်းတံခါးဆီကိုသာသူထပ်ငေးနေမိသည်။
အပြာရောင်မိုးသားတွေက လှတယ်ဆိုပေမယ့် သူ့အတွက် ဆွေးမြေ့နေသလိုမျိုး။
ငှက်ကလေးတွေလည်းအသဲကွဲနေသလားမသိ ညီညီညာညာမပျံသန်းကြဘူး။
တိမ်တွေကရော လေနှင်ရာပဲ လွင့်နေတော့မှာလား။
လွင့်ချင်ရာလွင့်လိုက်ပါတော့လား။သူ့စိတ်အစဥ်ကိုလည်းလွှတ်ချလိုက်ချင်ပါသည်။
ကူးငယ်အတွက်ရော သူ့အတွက်ပါ ကောင်းမွန်တဲ့အဖြေတစ်ခုတော့ရှိနေသင့်သည်။လမ်းခွဲရအောင်ပါ ကလေးရေ။
ချစ်တဲ့စိတ်ထက် ကြောက်တဲ့စိတ်က အားသာသွားတဲ့အခါ နာကျင်ခြင်းအဖြေက လမ်းခွဲခြင်းပါပဲ။
အခန်းထဲမှကူးငယ်ထွက်သွားသောပုံရိပ်ကိုပြတင်းမှန်မှတဆင့်လှမ်းမြင်လိုက်ရသည်။
တကယ်ကို ဝေးကွာသွားသလို။
ကိုယ် မင်းကို ခွင့်လွှတ်ခြင်းပေးမယ် မထင်လိုက်ပါနဲ့။