11:11

1.1K 101 6
                                    

မနေ့ညနေစောင်းမှပြန်လာသူသည် မျက်နှာအနည်းငယ်ရွှင်ပျနေပါသော်လည်း မျက်ဝန်းတွေကမတည်ငြိမ်ခဲ့။
ဟော....ဒီမနက်လည်း ကျောင်းပိတ်ရက်ဆိုပေမယ့် အခန်းထဲဝယ် အသံအစနလေးတောင်မကြားရပဲ ငြိမ်ချက်သားကောင်းနေခဲ့သည်။
Jiminဟာ စိတ်လှုပ်ရှားစရာ တစ်ခုခုကြုံလာတိုင်း အခန်းအောင်းတတ်ခြင်းသည် အကျင့်တစ်ခုဖြစ်လာသည်။
ကော်ဖီခွက်လေးကိုင်ကာJinဟာ ပုံမှန်အတိုင်း အခန်းရှေ့ကရပ်စောင့်နေမိသည်။

''သူထွက်လာမှပဲ သောက်ပါစေတော့''

တစ်ကိုယ်တည်းရေရွတ်ရင်း ကော်ဖီခွက်လေးကိုင်ကာ အောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်။

နေရောင်ခြည်နွေးနွေးကအခန်းပြတင်းမှတဆင့်အိပ်စက်နေသူရဲ့မျက်ဝန်းလေးများပေါ်ကျရောက်လာတော့ မျက်ဝန်းကျဥ်းကျဥ်းလေးများ ဖျက်ခနဲ ပွင့်သွားသည်။

ညကငိုထားတဲ့အရှိန်ကြောင့်ရော နေမြင့်မှထမိတဲ့အရှိန်ကြောင့်ပါ ခေါင်းဟာ ထိုးကိုက်နေသည်။
အပြာနုရောင်ညအိပ်ဝတ်စုံလေးသည် နိုးလာသူနှင့်လိုက်ဖက်လှစွာ။

ကုတင်ခြေရင်းမှာချွတ်ထားသောဖိနပ်လေးအားစီးကာအောက်ထပ်သို့ဆင်းလာခဲ့သည်။Hyungက ဧည့်ခန်းအလယ်တွင်ကော်ဖီတစ်ခွက်ဖြင့်TVကြည့်နေသည်။သူလာတာသတိထားမိတော့Hyungက သူ့အနားအပြေးလာကာ

''ကလေး မနေ့ကဘာဖြစ်ခဲ့လို့လဲ''

''မနေ့ကအကြောင်းကိုပြောဖို့ကျွန်တော်အဆင်မပြေသေးဘူးHyungရယ်''

''ဟုတ်ပါပီ Hyungအတင်းမေးတာ မဟုတ်ပါဘူး ဒီနေ့ကလေး ဘာစားချင်လဲဟင် Hyungချက်ကျွေးမယ်လေ အန်တီဆွိက ကလေးကြိုက်တတ်တာလေးတွေစျေးမှာသွားဝယ်နေတယ်''

သူ့စိတ်ထဲတစ်ခုခုမတင်မကျဖြစ်နေပြီဆိုအိမ်ရဲ့အနွေးထွေးဆုံးလူသားနှစ်ယောက်ကပေးသည့်မေတ္တာတရားတွေသည်ရေလိုပကတိအေးချမ်းလှသည်။

''ကျွန်တော် အဆင်ပြေပါတယ် အာ့ကြောင့် အများကြီး ပင်ပန်းမခံပါနဲ့နော်''

''အင်းပါ အော်...ဒီမှာ ကလေးစိတ်ကြည်အောင်Hyung ကော်ဖီဖျော်ထားတယ် အရင်သောက်ပီးမှရေချိူးနော်''

Light on meWhere stories live. Discover now